အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ အောက်တိုဘာ လ ၁၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) အတွက် နည်းပညာဆိုင်ရာ အရည် အသွေးအကဲဖြတ်ချက် ၇၀ % နှင့် အထက်ရရှိသော ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီ (၄) ခုမှ Presentation ပြုလုပ်ခြင်းအခမ်းအနားကို ၁၇-၁၀-၂၀၁၈ ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ တင်ဒါကော်မတီဥက္ကဌ (အမြဲတမ်း အတွင်းဝန်) ဦးမျိုးအောင်၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆိုင်ရာတင်ဒါကော်မတီဥက္ကဌ (အမြဲတမ်းအတွင်းဝန်) မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) နှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက်ရရှိသော ပဏာမရွေးချယ် ထားသည့် ကုမ္ပဏီ (၄) ခုတို့မှ Presentation ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို ၁၇-၁၀-၂၀၁၈ ရက်နေ့မှ ၁၈-၁၀-၂၀၁၈ ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

1

SSB Information System အတွက် နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက်ရရှိသော ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီ (၄) ခုအနက် Lantro (Myanmar) Co,.Ltd မှ Presentation ပြုလုပ်နေစဉ်

2

SSB Information System အတွက် နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက်ရရှိသော ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီ (၄) ခုအနက် Myanmar Information Technology(MIT) Co,.Ltd မှ Presentation ပြုလုပ်နေစဉ်

3 SSB Information System အတွက် နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက်ရရှိသော ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီ (၄) ခုအနက် Skylark Co,.Ltd မှ Presentation ပြုလုပ်နေစဉ်

4

SSB Information System အတွက် နည်းပညာဆိုင်ရာ အရည်အသွေးအကဲဖြတ်ချက် ၇၀% နှင့်အထက်ရရှိသော ပဏာမရွေးချယ်ထားသည့် ကုမ္ပဏီ (၄) ခုအနက် Partner Associates International Co,.Ltd မှ Presentation ပြုလုပ်နေစဉ်