နေပြည်တော်၊ စက်တင်ဘာ လ ၁၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ တွင် လစ်လပ်လျှက်ရှိသော အငယ်တန်းစာရေး၊ ရုံးအကူ၊ အစောင့်၊ သန့်ရှင်းရေးအကူ ရာထူး နေရာလပ်များတွင် ခန့်ထားသည့် ဝန်ထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ်(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၃-၉-၂၀၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းအသစ်များမှ တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ လူမှုဖူလုံရေး အဖွဲ့၌ လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး ရာထူးနေရာများအတွက် ပြင်ပမှရွေးချယ်ခေါ်ယူ ခန့်အပ်ခဲ့သည့် ဝန်ထမ်းများအား လုပ်ငန်းခွင်ဝင် အကြိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြင့် လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝပြီး ပေးအပ်လာသည့် လုပ်ငန်း တာဝန်များအား စနစ်တကျလျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အငယ်တန်းစာရေး (၁၀၀)ဦး အနက် ခန့်အပ်ဝန်ထမ်း(၅၀)ဦးအား ပထမအကြိမ် သင်တန်းကို ၁၃-၉-၂၀၁၈ ရက်နေ့ မှ ၂၂-၉-၂၀၁၈ ရက်နေ့ထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် အငယ်တန်းစာရေး၊ ရုံးအကူ၊ အစောင့်၊ သန့်ရှင်းရေး အကူများ စုစုပေါင်း(၁၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
နေပြည်တော်၊ ဇူလိုင် ၃၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူ/ အစောင့်/ သန့်ရှင်းရေး(အကူ) ရာထူးနေရာများတွင် ဖြည့်စွက်ခန့်ထားနိုင်ရန် အတွက် အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်လွှာ များခေါ်ယူထားရာ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဖူလုံရေးရုံးများနှင့် ချင်းပြည်နယ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးနှင့် ကလေးမြို့နယ်လူမှုဖူလုံရေးရုံးတွင် လျှောက်လွှာများ အခမဲ့ရယူ၍ ၆−၈−၂၀၁၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။