အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                      ဩဂုတ် ၁၈         

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ G & F (Myanmar) Garment Co., Ltd (CMP) အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တို့နှင့် တွေ့ဆုံ ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် လူမှုဖူလုံရေးအဖွဲ့မှ အထူးကုဆရာဝန်များပါဝင်သော ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးနေမှုနှင့် လူမှုဖူလုံရေးအကျုံးဝင်အာမခံ အလုပ်သမားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။အကျုံးဝင်အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ကုန်ထုတ်လုပ်ငန်းလည်ပတ်စေနိုင် ရန်အတွက်  အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များပါဝင်သော ရွေ့လျားဆေးကုသ ရေးအဖွဲ့ဖြင့် G & F(Myanmar) Garment Co., ltd(CMP) အထည်ချုပ်စက်ရုံရှိ  အာမခံ အလုပ်သမား (၁၆၈၈)ဦးတို့အား လိုအပ်သောဆေးကုသမှုများ၊ ဓာတ်ခွဲစမ်းသပ်   စစ်ဆေးမှုများနှင့် ECG ဖြင့် နှလုံးစစ်ဆေးခြင်းများ၊ မျက်စိစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်ရှိ Garment & Process Global Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်၍ စက်ရုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ၊ ဌာနကြီးဆေးခန်းများနှင့် စာချုပ်ဆေးခန်းများဖြင့် ဆေးကုသမှု ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးကွာသော စက်ရုံ၊ အလုပ်ဌာနများ၊ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရန် အခက်အခဲရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်၍ ရွေ့လျားဆေးကုသယာဉ် (၄)စီးဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ခရီးစဉ်များရေးဆွဲကာ စက်ရုံ၊ အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုကိုစဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်    အာမခံ အလုပ်သမားလူနာဦးရေ (၁၃၆၁၃၀)ဦးနှင့် ၄/၂၀၂၆ လမှ ၇/၂၀၂၆ လအထိ အာမခံ အလုပ်သမား လူနာဦးရေ (၅၈၂၈၅)ဦးတို့အား စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။