အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန် (၂)၊ မက္ခရာ မင်းသားကြီးမောင်ပျိုးလမ်း၊ အမှတ် (၇၆/၁၀၁)ရှိ Mr. Yang Qinhao (တရုတ်နိုင်ငံသား)ပိုင် Shaungxi (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအား  လုပ်သက်(၃)လပြည့်သည့် နေ့စားအလုပ်သမားများအား အမြဲတမ်းဝန်ထမ်း ခန့်အပ်ပေးစေ လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လျက်ရှိပြီး အထည် စံချိန် မတရားတောင်းခံ၍ စူပါ၊ အောစူပါများမှ စံချိန်မပြည့်ပါက ရိုင်းစိုင်းစွာပြောဆို ကြောင်း၊ အလုပ်ချိန်အတွင်း အလုပ်သမားအချင်းချင်း စကားပြောဆိုခြင်းကို တားမြစ်ထား ကြောင်း၊ နှစ်လပြည့်မှသာ ခွင့်စတင်ခံစားခွင့်ရှိပြီး နှစ်လပြည့်မှ ခွင့် (၁)ရက်သာပေးကြောင်း၊ နှစ်လပြည့်ရန် ရက်ပိုင်းလိုလျှင်လည်း ခွင့်မပေးကြောင်း၊ သင်္ကြန်ပြန်သည့်အလုပ်သမား အများစုမှာ လုပ်ခလစာဖြတ်တောက်ခံရကြောင်း၊ နေ့စဉ်ပုံမှန်အလုပ်ချိန်ပြီးပါက အချိန်ပို ဆင်းရန် သတ်မှတ်ထားပြီး အရေးကြီးကိစ္စကြောင့် ပြန်ခွင့်တောင်းပါက ပြန်ခွင့်မပေး ကြောင်း၊ အလုပ်ချိန် (၅)မိနစ် နောက်ကျပါက လစာနှင့် ခံစားခွင့်များကို အချိုးအစား အလိုက် ဖြတ်တောက်ကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၂၃-၅-၂၀၂၃ ရက်နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက် ၍ စက်ရုံမှူးနှင့် မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ အလုပ်သမားကိုယ်စားလှယ် (၂၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက် များအရ အောက်ပါတို့ကို သိရှိရပါသည်-

(က)   စက်ရုံတွင် အလုပ်စတင်ဝင်ရောက်သည့် အလုပ်သမားများအား အစမ်းခန့် ကာလအဖြစ် သတ်မှတ်ထားပြီး အစမ်းခန့်ကာလ(၃)လကျော်လွန်သည့် အလုပ် သမားများအား ဒေးကြေး ၄,၈၀၀/- ကျပ် ပေးချေထားပါကြောင်း၊

(ခ)     အထည်စံချိန်မပြည့်မီပါက ဖိအားပေးပြောဆိုခြင်းသာရှိပြီး ရိုင်းစိုင်းစွာ ပြောဆို ခြင်းမရှိကြောင်း၊

(ဂ)    စက်ရုံတာဝန်ရှိသူတို့မှ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေနှင့်အညီ ရှောင်တခင်ခွင့်ကို လုပ်သက်(၂)လပြည့်လျှင် (၁)ရက်ခံစားခွင့်ပေးထားပြီး မိမိတို့အလုပ်သမားများအကြောင်းကိစ္စရှိ၍ ရှောင်တခင်ခွင့်ကို (၁)ရက်ထက် ကျော်လွန်၍ တောင်းခံပါက စက်ရုံဘက်မှ ခံစားခွင့်ပေးကြောင်း၊

(ဃ)   အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် သင်္ကြန်အလုပ်ပိတ်ရက်များတွင် အခကြေးငွေရရှိပြီး ဥပဒေနှင့်အညီခံစားခွင့်ရှိသည့်ခွင့်ရက်များအား အခကြေး ငွေမှဖြတ် တောက်ခံရခြင်း မရှိကြောင်း၊

(င)     စက်ရုံမှ အချိန်ပိုခိုင်းစေရာတွင် အလုပ်သမားများ သဘောဆန္ဒအလျောက် လုပ်ကိုင်ခြင်းဖြစ်ပြီး အတင်းအကြပ်ခိုင်းစေခြင်းမရှိကြောင်း၊

(စ)    အလုပ်တက်ချိန် (၅)မိနစ် နောက်ကျပါက လစာနှင့် ခံစားခွင့်များကို အချိုးကျ ဖြတ်တောက်ကြောင်း၊      

(ဆ)   စက်ရုံသည် အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုထားပြီး လက်ရှိ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်များကိုလည်း စက်ရုံရှိ အလုပ် သမားများအားလုံး၏ဆန္ဒမဲရယူ၍ ရွေးချယ်ထားကြောင်း၊

(ဇ)    စက်ရုံသည် ဦးစီးဌာနသို့ ခွင့်ပြုမိန့် ကြိုတင်လျှောက်ထားရယူ၍ လုပ်ကိုင် ဆောင်ရွက်နေကြောင်း၊

စိစစ်တွေ့ရှိချက်များအရ ၂၂-၅-၂၀၂၃ ရက်နေ့တွင် ပြုပြင်လိုက်နာ‌ဆောင်ရွက်ရန် အချက်များအား စက်ရုံမှ ၁-၆-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်တင်ပြမည်ဖြစ်ပါကြောင်း တင်ပြထားပါသည်။

          Shuangxi (Myanmar) Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းဖော်ပြချက် (၆)ချက် အနက် (၅)ချက်မှာ မှန်ကန်မှုမရှိကြောင်း၊ (၁)ချက်မှာ မှန်ကန် ၍ အခကြေးငွေအား ဖြတ်တောက်ရာတွင် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြတ်တောက်ရန်နှင့်  ဖြတ်တောက်ငွေများအား  ပြန်လည်ပေးချေရန်  ညွှန်ကြားခဲ့ရာ  ၁၆-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမား(၂၁၅)ဦး၏ နောက်ကျကြေးဖြတ် တောက်ခံရငွေကျပ် ၅၂၀၄၀/- (ကျပ်ငါးသောင်းနှစ်ထောင့်လေးဆယ်တိတိ) အား စက်ရုံမှ ပြန်လည်ပေးချေခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန