ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း၊ အမှတ်(၁၃)ရှိ Mr. Lee Chun Fai (တရုတ်နိုင်ငံသား) ပိုင် Myanmar Jiale Fashion အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအား စက်ရုံက အချိန်ပိုကို ည ၈:၀၀ နာရီ အထိ ခေါ်ယူနေကြောင်း၊ အချိန်ပိုဆင်းရန် အတင်းအကြပ်ဖိအားပေးခိုင်းစေကြောင်း၊ လုပ်ခလစာအတွင်းမှ (၅) ရာခိုင်နှုန်း ဖြတ်တောက်ကြောင်း၊ တနင်္ဂနွေနေ့များတွင် လုပ်ကိုင်ရ ကြောင်း၊ စက်ရုံတွင် ကလေးလုပ်သားခိုင်းစေကြောင်း သိရှိရပါသည်။
အဆိုပါအလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ ၂၆-၆-၂၀၂၃ ရက်နေ့တွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန တို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ ခရိုင်ပေါင်းစပ်အဖွဲ့မှတာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ General Manager ၊ မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်း ရေးကော်မတီ(WCC)အဖွဲ့ဝင်များနှင့် အလုပ်သမားကိုယ်စားလှယ်(၂၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကိုသိရှိရပါသည်-
(က) အချိန်ပိုလုပ်ကိုင်ရာတွင် ညနေ (၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီအထိ လုပ်ကိုင် ရပြီး ည (၂၀:၀၀) နာရီအထိ ခေါ်ယူလုပ်ကိုင်ခြင်းမျိုး မရှိကြောင်း၊
(ခ) အချိန်ပိုခိုင်းစေရာတွင် အလုပ်သမားများ၏ သဘောဆန္ဒနှင့်အညီ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ ခွင့်ပြုမိန့်ကြိုတင်လျှောက် ထားရယူ၍ လုပ်ကိုင်ဆောင်ရွက်နေသောစက်ရုံဖြစ်ပြီး အတင်းအကျပ်ဖိအား ပေးခိုင်စေခြင်းမျိုးမရှိကြောင်း၊
(ဂ) ရက်သတ္တပတ်အလုပ်ပိတ်ရက်များဖြစ်သည့် တနင်္ဂနွေနေ့များနှင့် အများပြည် သူအလုပ်ပိတ်ရက်များတွင် လုပ်ခလစာပြည့်ဖြင့် အနားရရှိကြောင်း၊
(ဃ) အလုပ်သမားများ၏ လုပ်ခလစာထဲမှ (၅)ရာခိုင်နှုန်းကို စက်ရုံဘက်မှ ဖြတ် တောက်ခြင်းမရှိကြောင်းနှင့် အသက်(၁၈)နှစ်မပြည့်သေးသည့် ကလေးအလုပ် သမားများခိုင်းစေခြင်းမရှိကြောင်း၊
(င) စက်ရုံသည် CMP စနစ်ဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် စက်ရုံဖြစ် ကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ ညီချက်စာချုပ် (EC) ချုပ်ဆိုထားကြောင်း၊
(စ) အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖွဲစည်းခြင်းကို အလုပ် သမားများအားလုံး၏ သဘောဆန္ဒဖြင့် မဲပေးရွေးချယ်ထားခြင်းဖြစ်ကြောင်း နှင့် လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့်စက်ရုံဖြစ်ကြောင်း။
Myanmar Jiale Fashion အထည်ချုပ်စက်ရုံနှင့် ပတ်သက်သည့်သတင်းဖော်ပြထားမှု များအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။