ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာ လမ်း၊ အမှတ်(၁၁၆)ရှိ Ms. Gu Chang Yu (တရုတ်နိုင်ငံသား) ပိုင်S.M Myanmar Garment Co., Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအား ဒေးကြေးအမြင့်ဆုံး ကျပ် ၇,၀၀၀ မှ အနိမ့်ဆုံး ကျပ် ၅,၂၀၀ အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီး ဒေးကြေးမတိုးခင်အချိန် တွင် သတ်မှတ်ထားသော ကျွမ်းကျင်ကြေးများကို လျှော့ချခဲ့သဖြင့် ယခင်လစာထက်လျော့ နည်းသွားကြောင်း၊ အလုပ်သမားများအား ဥပဒေပါခွင့်ခံစားခွင့်များမပေးဘဲ အလုပ်တစ် ရက်ပျက်ပါက ဒေးကြေး ကျပ် ၇,၀၀၀ သို့မဟုတ် ကျပ်၅,၂၀၀ နှင့် ရက်မှန်ကြေး ကျပ် ၂၀,၀၀၀ ဖြတ်တောက်ကြောင်း၊ ခွင့်ယူလျှင် အလုပ်ထွက်ရမည်ဟု ဖိအားပေးပြောဆို ကြောင်း၊ အလုပ်သမားများ မချုပ်လုပ်နိုင်သည့် စံချိန်များတောင်းခံကြောင်း၊ စံချိန်မပေး နိုင်သော အလုပ်သမားများကို All Super ၊ Super များမှ ရိုင်းပျစွာဆဲဆိုခြင်းများရှိကြောင်း၊ လစာထုတ်ပေးရာတွင် အလုပ်ချိန်၌သာ လစာထုတ်ပေးစေလိုကြောင်း သိရှိရပါသည်။
အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၂၂-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ စက်ရုံ မန်နေဂျာ၊ လိုင်းအလိုက်အလုပ်သမား (၂၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါ အတိုင်းသိရှိရပါသည်-
(က) စက်ရုံတွင် အခြေခံလစာငွေတိုးမြှင့်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း၊ စက်ရုံမှ အလုပ်သမားများ ၏သဘောဆန္ဒမပါဘဲ ၎င်းတို့၏ကျွမ်းကျင်ကြေးများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြတ်တောက်ခြင်းမပြုကြောင်း အလုပ်သမားများ၏သဘောတူညီမှု ရရှိမှသာ အခြေခံလုပ်ခလစာနှင့် ကျွမ်းကျင်ကြေးများကို အဆင့်အလိုက် ပြင်ဆင် သတ်မှတ်မည်ဖြစ်ကြောင်း၊
(ခ) အလုပ်သမားများအား ဥပဒေပါ ခွင့်ရက်များခံစားခွင့်ပေးထားပြီး ခွင့်ခံစား ခြင်းအတွက် အလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်ခြင်းမရှိပါ ကြောင်း၊ ခွင့်ယူလျှင် အလုပ်ထွက်ရမည်ဟု ဖိအားပေးပြောဆိုခြင်း မရှိကြောင်း၊
(ဂ) အလုပ်သမားများထံမှ စံချိန် တောင်းရာတွင် All Super ၊ Super ၊ Leader များမှ ဆဲဆိုခြင်း၊ အတင်းအကြပ် ဖိအားပေးခိုင်းစေခြင်း မရှိကြောင်း၊
(ဃ) အလုပ်သမားများ၏လုပ်ခလစာများထုတ်ပေးရာတွင် ပုံမှန်အလုပ်ဆင်းချိန် မတိုင်မီ အလုပ်ချိန်အတွင်းသာ ထုတ်ပေးကြောင်း၊
(င) အချိန်ပိုခွင့်ပြုမိန့်ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လှိုင်သာယာစက်မှုဇုန်ရုံးတွင် ခွင့်ပြုမိန့် ကြိုတင်လျှောက်ထားရယူ၍ လုပ်ကိုင် ဆောင်ရွက်နေသော စက်ရုံဖြစ်ကြောင်း။
S.M Myanmar Garment Co., Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်း ဖော်ပြထားမှုများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန