ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၈၇)၊ မလိခလမ်း၊ စက်မှုဇုန်(၅)ရှိ Mr. Thanaset Lotharugpong (ထိုင်းနိုင်ငံသား) ပိုင် Sun Apparel (Myanmar) Co.,Ltd (CMP) အထည်ချုပ်စက်ရုံရှိ အလုပ်သမားများမှ ဒေးကြေး၊ ရက်မှန်ကြေးကျပ် ၆၀၀၀ တိုးပေးရန်၊ သောက်သုံးရေ အဆင်ပြေစေရန် စက်ရုံမှ စီစဉ်ပေး ရန်၊ အလုပ်သမားလျှောက်လမ်းအမိုး လုံအောင်ပြုပြင်ပေးရန်၊ ထမင်းစားဆောင် သီးသန့် ထားပေးရန်၊ ပိတ်ရက်ခပြန်ပေးရန်၊ (၁၅)ရက်အတွင်း အလုပ်ပျက်ပါက ကျပ် ၂၀၀၀၀ သာ ဖြတ်ရန်နှင့် ဆန္ဒပြအလုပ်သမားခေါင်းဆောင် မသီတာဝင်းအား သက်ဆိုင်ရာက ဖမ်းဆီးခဲ့ ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၁၉-၆-၂၀၂၃ ရက်နေ့တွင် လူမှုဖူလုံရေး အဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံ ရေးဦးစီးဌာန တို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိ များသည် စက်ရုံသို့ သွားရောက်၍ စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ အလုပ်သမားကိုယ်စားလှယ် (၂၅)ဦးတို့ အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကိုသိရှိရပါသည်-
(က) စက်ရုံ၏ပုံမှန်အလုပ်ချိန်မှာ (၀၈:၀၀)နာရီမှ (၁၆:၃၀)နာရီအထိဖြစ်ပြီး၊ ထမင်း စားနားချိန်အဖြစ် (၁၂:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ အနားရရှိပါကြောင်း၊ အချိန်ပိုကို ညနေ (၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီအထိ လုပ်ကိုင်ရပါကြောင်း၊ အချိန်ပိုကြေးမှာ တစ်နာရီလျှင် ကျပ် ၁၂၀၀ ရရှိကြောင်း၊
(ခ) အလုပ်သမားများ၏တောင်းဆိုချက်အရ အလုပ်သမားများအား တစ်ရက်လျှင် ဒေးကြေးကျပ် ၄၈၀၀ အပြင် အလုပ်လုပ်သည့်နေ့ရက်များအတွက် ထောက်ပံ့ ကြေးကျပ် ၈၀၀ ကို ၁၆-၆-၂၀၂၃ ရက်နေ့မှစ၍ တိုးမြှင့်ပေးထားကြောင်းကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း၊
(ဂ) ရက်မှန်ကြေးကိုလည်း လက်ရှိကျပ် ၁၀၀၀၀ မှ ထပ်မံ၍ ကျပ် ၁၀၀၀၀ တိုးမြှင့် ပေးထားကြောင်း၊ အလုပ်သမားများ အားလုံးကို ရက်သတ္တပတ်ပိတ်ရက်များ နှင့် အများပြည်သူအလုပ်ပိတ်ရက်များတွင် အခြေခံလစာငွေဖြင့် ခံစားခွင့်များ ပေးထားကြောင်း၊
(ဃ) စက်ရုံတွင် ဥပဒေနှင့်အညီမဟုတ်သော အခကြေးငွေဖြတ်တောက်မှုများ မရှိပါ ကြောင်း၊ ခွင့်များကိုလည်း ဥပဒေနှင့်အညီ ခံစားခွင့်ပြုထားပါကြောင်း၊ အများ ပြည်သူအလုပ်ပိတ်ရက်နှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်များတွင် ဥပဒေနှင့် အညီ လုပ်ခဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားကြောင်း၊
(င) ထမင်းစားဆောင်ကို စက်ရုံရှေ့တွင် စီစဉ်ထားရှိပြီး ထမင်းစား စားပွဲနှင့် ထိုင်ခုံ များလည်း လုံလောက်မှုရှိပါကြောင်း၊ စက်ရုံမှစီစဉ်ပေးသော သောက်ရေမှာ လည်း သန့်ရှင်းလုံလောက်မှုရှိကြောင်း။
အလုပ်သမားများအတွက် ထမင်းစားဆောင်နှင့် သောက်ရေစီစဉ်ထားရှိမှု တို့ကို စစ်ဆေးခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်-
(က) ထမင်းစားဆောင်ကို စက်ရုံ၏အရှေ့ဘက်နှင့် စက်ရုံ၏လက်ဝဲဘက်တို့တွင် စီစဉ်ထားရှိပြီး အလုပ်သမားအရေအတွက်နှင့် ထမင်းစားစားပွဲ၊ ထိုင်ခုံအရေ အတွက်တို့ အချိုးညီလုံလောက်မှုရှိပါကြောင်း၊
(ခ) စက်ရုံတွင် ရေသန့်စက်တပ်ဆင်ထားပြီး ရေစစ်(Water Filter)များကို တစ်ပတ် လျှင် တစ်ကြိမ်စစ်ဆေးပြီး လိုအပ်ပါက လဲလှယ်တပ်ဆင်ကြောင်း၊ သန့်ရှင်း သော သောက်ရေဖြစ်ကြောင်းကို ၂၆-၄-၂၀၂၃ ရက်နေ့က စစ်ဆေးထားသည့် ထောက်ခံ ချက်ရှိပါကြောင်း၊ သောက်ရေကို စမ်းသပ်သောက်ကြည့်ရာ ရေတွင် အရောင်အဆင်းနှင့် အနံ့အရသာတို့မရှိဘဲ ကောင်းမွန်မှုရှိပါကြောင်း။
Sun Apparel (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်း ဖော်ပြချက်များအနက် အချို့အချက်များသည် မှန်ကန်မှုမရှိကြောင်း၊ မှန်ကန်မှုရှိသည့်အချက် များအား အလုပ်သမားဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့ဖြင့်ဖြေရှင်းခဲ့ရာ ပြေလည် မှုရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန