အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပထမအကြိမ် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် ဆွေးနွေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမ၌ ၁၁-၁-၂၀၂၃ ရက်နေ့မှ ၁၃-၁-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ၁၁-၁-၂၀၂၃ ရက်နေ့၊ (၁၃:၀၀)နာရီ အချိန်တွင် စတင်ပြုလုပ်သည့် ပထမနေ့ဆွေးနွေးပွဲသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ စည်းကြပ်သော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ အတွင်းရေးမှူးအပါအဝင် အလုပ်ရှင်ကိုယ်စား လှယ်နှင့် အလုပ်သမား ကိုယ်စားလှယ် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။

၃။      ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ခုံသမာဓိကောင်စီအဖွဲ့ဝင်၊ ဝန်ကြီးဌာန ကိုယ်စားလှယ် ဒေါ်စန်းစန်းက အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေ များ စတင်ဖြစ်ပေါ်လာပုံနှင့် အရေးပါမှုများ၊ အလုပ်သမားဝန်ကြီးဌာနမှ စည်းကြပ်သည့်ဌာနများ နှင့် စည်းကြပ်သည့်ဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ စက်ရုံ၊ အလုပ်ရုံများတွင် WCC အား မဖြစ်မနေ ဖွဲ့စည်းနိုင်ရေးနှင့် WCC ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူညီချက် စာချုပ် (EC)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၄။      ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး၊ ခုံသမာဓိအဖွဲ့ဝင် ဦးကျော်ရီဦးက  တောင်းဆိုသူများသည် တိုင်ကြားစာပါ အကြောင်းအရာကွဲလွဲမှုများ ရှိနေသည့်အတွက် ကောက်ချက်ချရာ တွင် အခက်အခဲတွေ့ကြုံနေရကြောင်း၊ စက်ရုံပိုင်ရှင်နှင့် အလုပ်ရှင် ကွဲလွဲမှုများကြောင့် လုပ်ငန်း ပိုင်ရှင်ရှာဖွေရန် အခက်အခဲများရှိကြောင်း၊ ထွက်ဆိုချက်များတွင် အချက်အလက် ပြည့်စုံမှု ရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အချို့တွင် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများ ရောထွေးတင်ပြလာကြောင်း၊ အမှုတွဲလွှဲ ပြောင်းရာတွင် အချက် အလက်ပြည့်စုံမှန်ကန်မှုရှိစေရန် လိုအပ်ကြောင်း၊ WCC သည် ဆွေးနွေးမှု ၏ အခြေခံဖြစ်သောကြောင့် WCC ဖွဲ့စည်းခြင်းအား အလေးထားဆောင်ရွက်သင့်ကြောင်း၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် ဖျန်ဖြေခြင်းမပြုရသည့် အငြင်းပွားမှုများအား လက်ခံ ဆောင်ရွက်ရန်မသင့်ကြောင်း၊ လက်ခံဆောင်ရွက်သည့် အငြင်းပွားမှုအား ကာလ စည်းကမ်း သတ်မှတ်ချက်ကျော်လွန်မှုမရှိစေရေး စိစစ်ရန်လိုအပ်ကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် သတ်မှတ် ကာလထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ အနေဖြင့် အငြင်းပွားမှု လက်ခံဆောင်ရွက်ရာတွင် အခွင့်အရေးဆိုင်ရာအငြင်းပွားမှုနှင့် အကျိုး စီးပွားဆိုင်ရာ အငြင်းပွားမှုများကို တိကျစွာခွဲခြား တင်ပြရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြား ခဲ့ပါသည်။ 

၅။      ထို့နောက် မင်္ဂလာဒုံမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးမင်းဦး က အငြင်းပွားမှုများ မဖြေရှင်းမီ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များသည် အမှုအကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်ဆွေးနွေးလိုပါကြောင်း အကြံပြုတင်ပြဆွေးနွေးခဲ့ရာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က အငြင်းပွားမှုအကြောင်း အရာအား ကြိုတင်ဆွေးနွေးလိုပါက ပိုမိုကောင်းမွန်ပါကြောင်း၊ ထိုသို့ ဆွေးနွေးနိုင်ရန် မြို့နယ် တာဝန်ခံ အရာရှိများအား ညွှန်ကြားထားပြီးဖြစ်ကြောင်း  ပြန်လည်ဆွေးနွေးခဲ့ပါသည်။

၆။      အင်းစိန်မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးခင်မောင်ဝေက အငြင်းပွားမှုများအား ညှိနှိုင်းဖျန်ဖြေရာတွင်  အလုပ်သမားများ၏ နောက်ကွယ်မှ အကြံပေးသည့်  ပုဂ္ဂိုလ်များအား မည်သို့ဆောင်ရွက်သင့်ကြောင်း အကြံပြုမေးမြန်းဆွေးနွေးခဲ့ရာ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က အလုပ်သမားများ အနေဖြင့် ကိုယ်စားလှယ်လွှဲအပ်မည်ဆိုပါက ကိုယ်စားလှယ်သာ ဝင်ရောက်ရန် ညွှန်ကြားချက် များ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

၇။      လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်၊ အလုပ်သမားကိုယ်စားလှယ် ဦးရဲသူရအောင်က အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုနှင့် အခွင့်အရေးဆိုင်ရာအငြင်းပွားမှုအား မည်သည့်အချက်များအပေါ်တွင် အခြေခံသည်ကို သိရှိလိုပါကြောင်းနှင့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု များအား သက်ဆိုင်ရာဥပဒေအရ စည်းကြပ်သည့်ဌာနမှသာ ဆက်လက်ဆောင်ရွက် သင့်ကြောင်း အကြံပြုမေးမြန်း ဆွေးနွေးခဲ့မှုအား အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဇင်ကေသွယ်က အလုပ်သမား၏ တောင်းဆိုတိုင်ကြားမှုအပေါ်တွင် အခြေခံပြီး ခွဲခြားဆုံးဖြတ်ခြင်းသာဖြစ်ကြောင်း ဖြေကြားဆွေးနွေးခဲ့ပြီး (၁၆:၀၀)နာရီတွင် ပထမနေ့ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။

၈။      ၁၂-၁-၂၀၂၃ ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ပြုလုပ်သည့် ဒုတိယနေ့ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ အတွင်းရေးမှူးအပါအဝင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမား ကိုယ်စားလှယ် စုစုပေါင်း (၄၁)ဦး တက်ရောက်ခဲ့ပြီး ခုံသမာဓိ ကောင်စီဝင်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးသန်းမောင်က အလုပ်သမားရေးရာ ဥပ ဒေများ သည် ကျယ်ပြန့်သည့်အတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလုပ်သမား ရေးရာနှင့် စပ်လျဉ်း သော  အခြေခံမူများဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၊ ပုဒ်မ ၃၁၊ ပုဒ်မ ၃၄၉၊ ပုဒ်မ ၃၅၀နှင့် ပုဒ်မ ၃၅၄ တို့ဖြင့် ထည့်သွင်းရေးဆွဲထားကြောင်း၊ ဥပဒေသည် ခေတ်နှင့် လျော်ညီစေရေး ပြင်ဆင်ရေးသားခြင်း၊ အသစ်ရေးဆွဲခြင်းများ လိုအပ်သည့်အတွက် ခေတ် အလိုက် တည်ဆဲအလုပ်သမားဥပဒေများဖြစ်သည့် လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ရေး ခေတ်၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရခေတ်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်၊ ပြည်ထောင်စုလွှတ်တော်ခေတ်များတွင် ရေးဆွဲခဲ့သည့် အလုပ်သမားများနှင့်သက်ဆိုင်သော ဥပဒေ(၂၅)ခုအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၉။      ဆက်လက်၍အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းအဆင့်ဆင့် ၏ ဖွဲ့စည်းပုံများ၊ ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ခုံသမာဓိ ကောင်စီ၏ လုပ်ငန်းအတွေ့အကြုံများ၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်  အခြေခံသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ အလုပ် ခန့်ထားမှုစာချုပ် (နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ)၊ လုပ်ငန်းခွင်စည်းကမ်း၊ စုပေါင်း သဘောတူညီ ချက်၊ နှစ်ဖက် သဘောတူစာချုပ်များ၊ သင့်လျော်သော လုပ်ငန်းခွင်ဆက်ဆံရေး၊ ဆုံးဖြတ်ချက် သာဓကများ၊ လူမှုရေး တရားမျှတမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ခုံသမာဓိ စစ်ဆေးခြင်း နှင့် တရားရုံးစစ်ဆေးခြင်း၏ ခြားနားချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး မှော်ဘီမြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ အလုပ်ရှင် ကိုယ်စားလှယ် ဦးအောင်မြင့်က နောက်ဆုံးထုတ်လစာ တွက်ချက်ရာ တွင် ကျိုးကြောင်းဆီလျော်ရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ပါသည်။

၁၀။    ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဝင်၊ အလုပ်သမားကိုယ်စားလှယ် ဦးကျင်သိန်းက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များအနေဖြင့် ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးပို့ လာသော အငြင်းပွားမှုများအား စစ်ဆေးသည့်အခါတွင် အငြင်းပွားမှုဖြစ်ပေါ်သည့် အကြောင်း အရာ အား ရှင်းလင်းသေချာစွာ မေးမြန်းရန်လိုအပ်ကြောင်း၊ မျှတမှုရှိရန် လိုအပ်ကြောင်းနှင့်  မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ တွေ့ကြုံရသော အားသာချက်၊ အားနည်းချက်များနှင့် ခုံသမာဓိ အဖွဲ့၏ တွေ့ကြုံရသော အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁၆:၀၀) နာရီတွင် ဒုတိယနေ့ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။

၁၁။    ၁၃-၁-၂၀၂၃ ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ပြုလုပ်သည့် တတိယနေ့ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ အတွင်းရေးမှူးအပါအဝင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ် စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ပြီး ခုံသမာဓိ ကောင်စီဝင်၊ အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်အေးက အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ရာတွင် သုံးပွင့်ဆိုင်ယန္တရားဖြင့် လည်ပတ်လျက်ရှိရာ ကဏ္ဍသုံးရပ်လုံးမှ ပါဝင်ဆွေးနွေးကြသူများ သည် ဥပဒေသိရှိမှု အားကောင်းရန် လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ အလုပ်သမားများအနေဖြင့်လည်း အလုပ်သမားအခွင့်အရေး များအား ရှင်းလင်းစွာ သိရှိရန်လိုအပ်ကြောင်း၊ ခေတ်နှင့်လျော်ညီသော အတွေးအခေါ်များဖြင့် အလုပ်သမားအခွင့်အရေးများ တောင်းဆိုရန်နှင့် အလုပ်သမားဥပဒေများအား ခေတ်ကာလအနေအထား များနှင့် ကိုက်ညီမှုရှိစေရေး ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း၊ ထိုသို့ပြင်ဆင်ရေးဆွဲရာတွင် သေချာရှင်းလင်းရန်၊ ခေတ်၊ စနစ်များနှင့်လျော်ညီရန်၊ လုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ရန် လိုအပ်ကြောင်းနှင့် ညှိနှိုင်းဖျန်ဖြေရေး အဆင့်ဆင့်၏ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၁၂။       ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဝင်၊ အလုပ်ရှင်ကိုယ်စားလှယ် ဒေါ်ကျင်အေးက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ အမှုတွဲများလွှဲပြောင်းရာတွင် လိုအပ်ချက် များ၊ အမှုတွဲ လက်ခံ၍ စစ်ဆေးဆုံးဖြတ်ရာတွင် အားသာချက်၊ အားနည်းချက်များနှင့် တွေ့ကြုံ ရသည့် အခက်အခဲများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁၆:၀၀)နာရီတွင် တတိယနေ့ ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။