အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မား မှု၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် မှီတည်နေပြီး နိုင်ငံတိုင်းတွင် ကာယ အား၊ ဉာဏအားဖြင့် အလုပ်သမားများက အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖန်တီး ဖော်ဆောင်လျှက်ရှိရာ အလုပ်သမားအင်အားထုကြီးအား ဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေး၊ သင့်တင့်မျှတသော  လုပ်ငန်းခွင်ဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အလုပ်ရှင် နှင့် အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရေးတို့အတွက် အလုပ်သမား ဝန်ကြီးဌာနမှ လုပ်ငန်းခွင်အတွင်းဖြစ်ပွားသည့် အလုပ်သမားရေးရာအငြင်းပွားမှုများကို အလုပ် သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးယန္တရားဖြင့် ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။