လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် မေလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၄) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေး (24th ALMM) နှင့် (၉) ကြိမ်မြောက် အာဆီယံ +၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေး(9th ALMM+3) များသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မေလ (၁၇) ရက်နေ့ ည ၀၇:၀၀ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။[download id=”711″]