နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO တို့မှ သြစတြေးလျနိုင်ငံရှိ Department of Foreign Affairs and Trade (DFAT) and Global Affairs Canada (GAC)၊ Developing International Internal Migration Governance (DIILM) နှင့် Livelihood and Food Security Trust Fund (LIFT) တို့၏ အကူအညီဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ပါဝင် ပတ်သက်သူများ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်၊ M Gallery Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၁၉ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ် သုံးသပ်အကဲဖြတ်နိုင်ရန်၊ ပါဝင်ဆောင်ရွက်နေသူများ၏ အကြံပြုချက်များဖြင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်ပါ နည်းဗျူဟာများနှင့် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူ ခန့်မှန်း ၂၇၂ သန်းရှိကြောင်း၊ ILO ၏ ၂၀၁၃ ခုနှစ် စာရင်းအရ အပြည် ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား သန်း ၁၅၀ ခန့်ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ ၁၆၄ သန်းခန့်ရှိပြီး ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ပိုမိုတိုးမြင့်လျက် ရှိသည်ကိုတွေ့မြင်ရကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ အလုပ်သမားစေလွှတ်လျက်ရှိရာ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေအပါအဝင် စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များထုတ်ပြန်ပြီး ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို အပြည်ပြည် ဆိုင်ရာ စံနှုန်းများနှင့် အညီဖြစ်စေရေး ပြင်ဆင်ရေးဆွဲ လျက်ရှိကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ် သမားများ အာဆီယံဒေသတွင်းနှင့် ပြင်ပနိုင်ငံများတွင် သင့်လျော် ကောင်းမွန်ပြီး လူ့ဂုဏ်သိက္ခာ နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရေရှည်မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ၏ နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား(၅)နှစ်တာ လုပ်ငန်း စီမံချက်(၂၀၁၈-၂၀၂၂)ကို ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) အကူအညီဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ TRIANGLE IN ASEAN စီမံကိန်း(၂၀၁၅ မှ ၂၀၂၅)၊ ပြည်တွင်း/ပြည်ပလုပ်သား ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုဖွံ့ဖြိုးရေး စီမံကိန်း -DIILM (၂၀၁၆ ဖေဖော်ဝါရီလမှ-၂၀၂၀ ဇွန်လ)နှင့် SAFE and FAIR ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာစီမံကိန်း (၂၀၁၈ – ၂၀၂၃) တို့ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့ဖြင့် ပူးပေါင်း၍ ရွှေ့ပြောင်း သွားလာလုပ်ကိုင်သူများ သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Migrant Resources Center (၁၅)ခုဖွင့်လှစ်ပြီးလုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် Complaint Mechanism Center များ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ILO Yangon မှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့ အစည်းမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းတွင် ပါဝင်ဆောင်ရွက်နေသူများဆိုင်ရာ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားစဉ်