အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဇန်နဝါရီ ၂၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO တို့မှ သြစတြေးလျနိုင်ငံရှိ Department of Foreign Affairs and Trade (DFAT) and Global Affairs Canada (GAC) ၊ Developing International Internal Migration Governance (DIILM) နှင့် Livelihood and Food Security Trust Fund(LIFT) တို့၏ အကူအညီဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ပါဝင် သက်ဆိုင်သူများအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ရာ ဖွင့်ပွဲခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၁၈ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ရွှေ့ပြောင်းလုပ်ငန်းစီမံချက်များအပေါ် သုံးသပ်အကဲဖြတ် နိုင်ရန်၊ ပါဝင်ဆောင်ရွက်နေသူများ၏ အကြံပြုချက်များဖြင့် ၂၀၁၉ ခုနှစ်၊ ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များအတွက် ဆောင်ရွက်ချက်များနှင့် မဟာဗျူဟာများ ကောင်းမွန် စေရေး မွမ်းမံရန်၊ ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းပြီး အတည်ပြုချက်ရယူနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံကိန်းများတွင် အကြံဉာဏ် များပေးနိုင်ရန်၊ သုံးပွင့်ဆိုင် စီမံချက်လုပ်ငန်းများကို မျှဝေနိုင်ရန်၊ Labour Migration Stakeholders အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ကတည်းက ကျင်းပပြုလုပ်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့တို့၏ ဆက်ဆံရေးသည် နှစ်ဦးနှစ်ဘက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်မှုတို့ဖြင့် ပိုမိုသိသာစွာ အပြုသဘော တိုးတက်ဖြစ်ထွန်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး၊ ရွှေ့ပြောင်း သွားလာမှုအတွက် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချနိုင်ရန် သင့်တော် ကောင်းမွန်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များချမှတ်ပြီး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးသည် အရေးပါလာသဖြင့် မြန်မာ အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချနိုင်ရေး အတွက် အလုပ်လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိရန်နှင့် ယင်းတို့အတွက် သင့်တော် ကောင်းမွန် သည့် အလုပ်အကိုင်များရရှိရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့်အညီ အရည်အချင်းပြည့်ဝသည့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာမူဝါဒများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျွမ်းကျင်၍ စည်းကမ်းပြည့်ဝသည့် လုပ်သားထု ဖြစ်ပေါ်လာစေရေး၊ ရေရှည်တည်မြဲသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အလုပ်သမားအရင်းအမြစ်များနှင့် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးတို့အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့(ILO )မှ Liaison Officer ဖြစ်သူ Mr. Rory Mugoven နှင့် အသက်မွေးဝမ်းကျောင်းမှု နှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT)မှ တာဝန်ရှိသူတို့မှ အသီးသီးနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ILO-Yangon မှတာဝန်ရှိသူများ၊ လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။