နေပြည်တော်၊ ဇွန် လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရုံးခွဲတာဝန်ခံများ လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်( ၁/၂၀၁၈ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၄-၆-၂၀၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ (၃၈) ဦးတို့ တက်ရောက်ခဲ့ကြပါ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအားရုံးလုပ်ငန်းများ လက်တွေ့ လုပ်ဆောင်ရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းသား/သူ ရုံးခွဲ တာဝန်ခံ (၃၈)ဦး တို့အား ၄-၆-၂၀၁၈ ရက်နေ့မှ ၆-၆၂၀၁၈ ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။