အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လုပ်ငန်းသဘာဝအရ ကြံပေါ်သည့် ရာသီချိန်၌သာ လည်ပတ်ရသည့် သကြားစက်များတွင် အလုပ်လုပ်ကိုင် လျက်ရှိသည့် အလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးရေးဝင်ချိန် စက်ရပ်တန့်ရခြင်း၊ ထုတ်လုပ်မှု လုပ်ငန်း ကို အနှောင့်အယှက်ဖြစ်စေခြင်းမရှိစေရန် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန မှ စစ်ဆေးရေးအရာထမ်းများ သည် ရာသီချိန်မတိုင်မီ သကြားစက် များသို့ ကွင်းဆင်း၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးခြင်း၊ သင်တန်းပို့ချခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀-၉-၂၀၁၆ ရက်နေ့မှ ၂၅-၁၀-၂၀၁၆ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီးမှ သကြားစက်(၆)ရုံ၊ မန္တလေးတိုင်းဒေသကြီး မှ သကြား စက်(၆)ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သကြားစက်(၁)ရုံ၊ ရှမ်းပြည်နယ် မှ သကြားစက်(၁)ရုံ၊ နေပြည်တော်ကောင်စီနယ်မြေ မှ သကြားစက်(၂)ရုံ၊ စုစုပေါင်း သကြားစက် (၁၆) ရုံမှ အလုပ်သမား ကျား (၆၅၈) ဦး၊ မ (၅၂၂ ) ဦး၊ ပေါင်း (၁၁၈၀) ဦး ကို လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အခြေခံ သဘောတရားများ ၊ စက်ကိရိယာ အန္တရာယ်ကင်းရှင်းရေး၊ မတော်တဆ ထိခိုက်မှု ကာကွယ် ထိန်းချုပ်ခြင်း၊ မီးဘေး အန္တရာယ် ကင်းရှင်းရေး စသည့် ဘာသာရပ်များကို သင်တန်းပို့ချ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

suger