အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ် သမားများသည် လုပ်ခလစာတိုးမြှင့်ပေးပါရန်‌ တောင်းဆိုမှုများကြောင့် ဖမ်းဆီးခံရကြောင်း ILO ရန်ကုန်ရုံး၏ Facebook Page လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ထားသည့် ထုတ်ပြန်ချက် နှင့်ပတ်သက်၍ “အဆိုပါကိစ္စသည် ပြဋ္ဌာန်းချက်အမှတ် (၈၇)နှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း၊ အခြေခံအလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်နေပါကြောင်းနှင့် အဆိုပါအလုပ်သမား သမဂ္ဂဝင်များနှင့် အလုပ်သမားများသည် ထုတ်ပြန်ချက်ပါ လုပ်ခလစာတိုးမြှင့်တောင်းခံမှုကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ အခြားသောအကြောင်းကိစ္စများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းနေရခြင်း ဖြစ်ပါကြောင်း” သိရှိနိုင်ပါရန်နှင့် ILO ရန်ကုန်ရုံးအနေဖြင့် နောင်တွင် ဤကဲ့သို့ ထုတ်ပြန်ချက်များ ဆောင်ရွက်ရာတွင် အကြောင်းခြင်းရာမှန်ကန်မှုရှိစေရန် အထူးဂရုစိုက်၍ ထုတ်ပြန်ပါရန် သတိပေး အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။           သို့ဖြစ်ပါ၍ ရန်ကုန်မြို့၊ အထည်ချုပ်စက်ရုံအချို့မှ အလုပ်သမားအဖွဲ့အစည်းဝင်များနှင့် အလုပ်သမားများသည် လုပ်ခလစာတိုးမြှင့်ပေးပါရန်‌ တောင်းဆိုမှုများကြောင့် ဖမ်းဆီးခံရကြောင်း ILO ရန်ကုန်ရုံး၏ Facebook Page လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ထားသည့် ထုတ်ပြန်ချက် သည် မှန်ကန်မှုမရှိပါကြောင်း သတင်းမှန်ထုတ်ပြန်အပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန