အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အောက်မြန်မာပြည်ရှိ ဝန်ထမ်းများအတွက် ၁၈-၆-၂၀၂၆ ရက်နေ့မှ ၁၉-၆-၂၀၂၆ ရက်နေ့ ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ စက်မှုဇုန်နှင့် ပိုင်ဆိုင်မှုကဏ္ဍ (စက်မှုဇုန်တွင်း/ပြင်ပ) အလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေ စာရင်းကောက်မေးခွန်းလွှာ သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က Online ဖြင့် တက်ရောက်၍ သင်တန်း ဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် များက Online မှလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ သင်တန်းပို့ချမည့် လုပ်သားအင်အားကောက်ယူပြုစုရေးဌာနခွဲမှ တာဝန်ရှိသူများ၊ လူကိုယ်တိုင်တက်ရောက်သည့် သင်တန်းသား (၄၃) ဦး၊ Online မှတက်ရောက် သည့် သင်တန်းသား (၁၇) ဦး တို့အပါအဝင် စုစုပေါင်း (၇၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။