ရန်ကုန် မေ ၁၅ ။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ စက်မှုဇုန်(၄)၊ ပန်းပဲခေါင်းမောင်ခတ်လမ်း၊ အမှတ်(၄၂)ရှိ Euro Style (Myanmar)Fashion Co.,Ltd (အထည်ချုပ်စက်ရုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ များက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို အင်းစိန်မြို့နယ်ရှိ Euro Style (Myanmar)Fashion Co.,Ltd (အထည်ချုပ်စက်ရုံ)မှ ကျား (၃၀)ဦး၊ မ (၁၂၃)ဦး၊ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ခံများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

