ရန်ကုန် ဇွန် ၁၀ ။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၈/ခ)၊ ကွင်းအမှတ် (၃၀၀/က)ရှိ Teng Hui Myanmar Co.,Ltd (သိုးမွေးစက်ရုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ များက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို ထန်းတပင်မြို့နယ်၊ ရခိုင် ရိုးကြီးကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၈/ခ)၊ ကွင်းအမှတ် (၃၀၀/က)ရှိ Teng Hui Myanmar Co.,Ltd (သိုးမွေးစက်ရုံ)မှ အလုပ်သမား ကျား (၂၄)ဦး၊ မ (၁၂၆)ဦး၊ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးတာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

