ရန်ကုန် မေလ ၁၂ ။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (X-3/ X-6) ရှိ Tsang Yih Co.,Ltd (ဖိနပ်စက်ရုံ) နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ အမှတ် (E-2) ရှိ Dishang Group Myanmar Co.,Ltd (အထည်ချုပ်စက်ရုံ) တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ များက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Tsang Yih Co.,Ltd (ဖိနပ်စက်ရုံ)မှ အလုပ်သမား ကျား (၁၇)ဦး၊ မ (၁၃၃)ဦး၊ စုစုပေါင်း (၁၅၀)ဦးနှင့် Dishang Group Myanmar Co.,Ltd (အထည်ချုပ်စက်ရုံ)မှ အလုပ်သမား ကျား(၁၉)ဦး၊ မ(၁၃၁)ဦး၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး တာဝန်ခံများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

