အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                           မေ  ၂၁ ။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်း၊ အကွက်(အေ-၄)၊ အမှတ်(၃)ရှိ  SMK Mingaladon Company Limited (အထည်ချုပ်စက်ရုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ များက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အလုပ်သမားရေးရာဥပဒေအသိပညာပေးဆွေးနွေးပွဲကို မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ စက်မှုဇုန်ရှိ SMK Mingaladon Company Limited (အထည်ချုပ်စက်ရုံ)တွင် အလုပ်သမား ကျား (၂၆)ဦး၊ မ (၁၂၄)ဦး၊ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးတာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ပါကြောင်း သိရှိရသည်။