အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                      ဇွန်  ၂၇။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီဝင်များမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

          လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်မပျက် ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသား ကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီကို အဖွဲ့ဝင် ၃၈ ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းတာဝန် ၁၆ ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်း၊

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ၁-၂-၂၀၂၁ ရက်နေ့မှ ၃၁-၃-၂၀၂၂ ရက်နေ့ထိ  လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှစ်ပတ် လည် အစီရင်ခံစာကို ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊

          အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ပထမ ငါးနှစ်စီမံချက်ပါ “အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘတ်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်း ဈေးကွက်များမြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလို သောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း”တို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၄ ကြိမ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်များ အကောင် အထည်ဖော်ဆောင်ရွက်စေခဲ့ကြောင်း၊

           နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီအသီးသီးမှ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမငါးနှစ်စီမံချက်ပါ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိ ထိရောက်စွာ စနစ်တကျ ကြီးကြပ်သုံးစွဲရမည်ဖြစ်ကြောင်း၊

          မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရာ တွင် စဉ်ဆက်မပြတ်တိုးတက်မှုရှိရေး လုပ်ငန်းကော်မတီဝင်များသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အလေးထားပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

          ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် တက်ရောက်လာသူများက လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရမည့်အချက်များကို အတည်ပြုချက်ရယူ၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေး ရုပ်သိမ်းခဲ့ပါသည်။