နေပြည်တော် ၊ဇန်နဝါရီလ ၁၆ ရက်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့ နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဌ၊ အလုပ်သမားရေးရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နှင့်လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့သည်။
အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေး ဆောင်ရွက် ရန်မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသား ကော်မတီကို ဒုတိယသမ္မတ-၁ ဦးဆောင်၍ အဖွဲ့ဝင် ၃၇ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် အမျိုးသားကော်မတီ ၏ အတွင်းရေးမှူးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင် ရာ အမျိုးသားကော်မတီအောက်ရှိလုပ်ငန်းကော်မတီ ၈ ခုအနက်တစ်ခုဖြစ်သည့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီး ပေးရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၃-၅-၂၀၁၉ ရက်နေ့၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ၂၈-၈-၂၀၁၉ ရက်နေ့များတွင် ကျင်းပခဲ့ပြီးဖြစ် ကြောင်းအလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးတွင်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ အကောင်အထည် ဖော်ဆောင်ရွက် ရာတွင်တိုးတက်မှုရှိမရှိ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော်မည့် လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများကိုသိရှိ၍ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြပေးရန် အမှာစကားပြောကြား ခဲ့သည်။
ဆက်လက်၍အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေး မှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များ၊ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မ တီ ဒုတိယအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းကော်မတီဝင်များ၏ ဆောင်ရွက်ပြီးစီးမှု၊ အမျိုးသားကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်ပါ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက် (၅) ချက်၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာန များနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများ၊ အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက် လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ဖြစ်ပေါ်တိုးတက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုအကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။