အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေသည်
၁၅-၇-၂၀၁၆ ရက်နေ့တွင် Myanmar International Convention Center-II ၊
နေပြည်တော် တွင် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် TVET Forum Exibition သို့ တက်ရောက်ခဲ့ပြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ပြခန်းပြသထားရာ သို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှလည်းပြခန်းသို့လာရောက်ကြည့်ရှုခဲ့ရာ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှ ပြခန်းပြသထားမှုများအပေါ်ရှင်းလင်းတင်ပြခဲ့ပါသည်။
TVET 1
TVET2