အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ရွှေ့ပြောင်း အလုပ်သမားစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအရ ပြည်ပအလုပ်အကိုင် အတွက် မြန်မာအလုပ်သမား များအား ပြည်ပသို့ စနစ်တကျ စေလွှတ်လျက်ရှိသကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ၌ ဆောင်ရွက်လျက်ရှိရာ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်မည့် အလုပ်သမားများအား ကူညီဆောင်ရွက်ပေး ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ယင်းတို့၏မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁) ခုတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာ နိုင်ငံသားများအနက် မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာနိုင်ငံသား (၁၃၆) ဦးအား ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် Mother Trading and Construction Co., Ltd နှင့် မိဘဂုဏ်ရည်အဖွဲ့သားများ၏ လှူဒါန်းမှုအရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်း MAI လေယာဉ်ဖြင့် ၂၇-၉-၂၀၁၆ ရက်နေ့၊ ၂၁:ဝ၀ နာရီအချိန်တွင် နဝမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ် သို့ရောက်ရှိခဲ့ပါသည်။[download id=”940″]