မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁) ခု တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား (၂၂၉၄)ဦး အား နေရပ် သို့ ပြန်နိုင်ရန်အတွက် နိုင်ငံတော်၏ အထူးအစီအစဉ်တစ်ရပ်အနေဖြင့်ပြန်လည်ခေါ်ယူနိုင်ရေးကိုနိုင်ငံတော်အဆင့်ဖွဲ့စည်းပေး ထားသည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မိမိတို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များ အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ စင်းလုံးငှားလေယာဉ် (၁၀) စီးဖြင့် အမြန်ပြန်လည်ခေါ်ဆောင်နိုင်ရေးကိုစီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ပြန်လည်ခေါ်ယူ ရန်စီစဉ်ဆောင်ရွက်သည့်နေရာတွင် စင်းလုံးငှားလေယာဉ်ကုန်ကျစရိတ်များကို KBZ Brighter Furture Myanmar Foundation နှင့် Mother Trading Co.,Ltd တို့မှအဓိကလှူဒါန်းသူ များဖြစ်ပြီး အခြားအလှူရှင် (၄၀) ဦးခန့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ . . . . .[download id=”835″]