အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                      အောက်တိုဘာ ၂၉

 မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့(PERKESO)၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား မောင်ကျော်မြင့်ဦး (MD 372855) သည် မလေးရှားနိုင်ငံ၌  ၂၄-၂-၂၀၂၃ ရက်နေ့တွင် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့မှုအတွက် မလေးရှားနိုင်ငံ၊ အလုပ်သမားများ၏ လူမှုဖူလုံရေးအက် ဥပဒေ (Act – 4) အရ မှီခိုသူအကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ၊ လူမှုဖူလုံရေး အဖွဲ့သည် သက်ဆိုင် ရာမိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) သို့ ညှိနှိုင်း ဆောင်ရွက် ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့မှပေးအပ် သည့် ၂၅-၂-၂၀၂၃ ရက်နေ့မှ ၃၁-၈-၂၀၂၄ ရက်နေ့ ကာလအထိ မှီခိုသူအကျိုးခံစားခွင့်ငွေကျပ် ၂၄,၉၉၃,၅၂၈/- (ငွေကျပ် နှစ်ရာလေးဆယ့်ကိုးသိန်း ကိုးသောင်းသုံးထောင်ငါးရာနှစ်ဆယ့်ရှစ်တိတိ) အား ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် လက်ခံရရှိခဲ့သည်။

မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ပြည်ပ၌ တရားဝင်အလုပ် လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများရရှိရေး အတွက် ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO)နှင့် လူမှုဖူလုံရေး ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ (MOC)ကို ၁၃-၁၀-၂၀၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO)၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေး မလေးရှားနိုင်ငံ၊ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (အက်-၄) အရ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် မလေးရှားနိုင်ငံ၊ လူမှုဖူလုံ ရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား(၃၂)ဦး၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့် များအား မှီခိုသူမိသားစုဝင်များမှ ရရှိခံစားလျက်ရှိကြောင်း သတင်းရရှိသည်။