အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး၊ ဒီဇင်ဘာ ၂၉

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အလုပ် သမား ဆေးရုံကြီး (မန္တလေး)မှ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဆေးရုံကြီး၏ ဆေး ကုသမှုလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှု များကို ပေးအပ်နိုင်ရန် လိုအပ် ကြောင်း၊ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေး လုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သည့် အခန်းကဏ္ဍတွင် ပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းအင်အားပြည့် လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံရှိ တာဝန်ရှိသူများက စေတနာထား၍ အားထည့် ဆောင်ရွက် ပေးစေ လိုကြောင်း၊ ပြည်သူများနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံရန် လိုအပ်ကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင် ထိန်း သိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ပညာရှင် များ ဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ ရန်နှင့် မိမိလုပ်ငန်းများ အောင်မြင် စေရန်အတွက် ဝန်ထမ်းအချင်း ချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမား များ အားကိုး အား ထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန် သော ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက် အောင် ဆောင်ရွက် ပေးနိုင်ရန်  လမ်းညွှန် မှာကြားခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပ လူနာဌာန၌ လာရောက်ပြသသည့် ပြင်ပ လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးကာ ဆေးဝါးကုသပေးနေမှုများ၊ အတွင်းလူနာကုသပေးသည့် ကုသ ဆောင်များ ၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ များထားရှိသည့် ကုသဆောင်များနှင့် ပြင်ပလူနာဌာနများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။