အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                              ဒီဇင်ဘာ ၂၀

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်းတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများအတွက် Remittance Management System(RMS) လက်တွေ့အသုံးပြု ခြင်းသင်တန်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ CI ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများတက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား ဥပဒေနှင့်အညီ work permit နှင့် ဗီဇာရရှိစေရေး၊ တရားဝင်အလုပ်သမား များ၏ အခွင့်အရေးများ ရရှိခံစားနိုင်စေရေး၊ မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာ စေရန်အတွက် CI စာအုပ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ CI စခန်း များအား ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီ တို့တွင် လည်းကောင်း၊ Mobile Unit များအား ဆုန်ခလာ၊ ချင်းမိုင်နှင့် နခွန်စဝမ် တို့တွင် လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ငွေလွှဲများအတွက် RMS Mobile App အား ထည့်သွင်း ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ အမှန်တကယ်လုပ်ငန်းစဉ်ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့ စေရေးအတွက် လက်တွေ့သင်ကြားဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

သင်တန်းတွင် RMS စနစ်၏ လည်ပတ်ပုံ၊ CI အလုပ်သမားများအား e-OWIC လျှောက်ထား နိုင်ရေးအတွက် RMS စနစ်တွင် စာရင်းရေးသွင်းခြင်းနှင့် e-OWIC ထုတ်ပေးနိုင်ရေး Approval ပြုလုပ်ခြင်းများ၊ RMS Mobile Application အသုံးပြုရာတွင် လိုအပ်သည့်အချက်များအား သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း၊

RMS Mobile Application ကို အလုပ်သမားများ၏ ဖုန်းအတွင်းသို့ ထည့်သွင်းပြီးပါက အလုပ် သမားများအနေဖြင့် ၎င်းတို့၏ e-OWIC အချက်အလက်များ၊ Passport (သို့မဟုတ်) CI အချက် အလက်များ၊ မိသားစုထံသို့ ငွေလွှဲနိုင်ရေးအတွက် ငွေလဲလှယ်နှုန်းများ၊ လုပ်ငန်းခွင်အခက်အခဲဖြစ် ပါက အကူအညီ တောင်းခံခြင်းများ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ ငွေလွှဲခဲ့သည့် မှတ်တမ်းများအား Mobile Application မှတစ်ဆင့် အလွယ်တကူကြည့်ရှုဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊

ဝန်ထမ်းများအနေဖြင့် RMS Mobile Application လက်တွေ့အသုံးပြုခြင်းနှင့် ထိုင်းနိုင်ငံတွင် CI ထုတ်ပေးရေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဂရုတစိုက် သေချာစွာ လေ့လာမှတ်သားထားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်က EID မှတ်ပုံတင်စနစ်အကြောင်းကို လည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်က CI ထုတ်ပေးရာ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား လည်းကောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အခွန် ၂% ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ဌာနအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CI ထုတ်ပေးရာ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် လက်တွေ့ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။