အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် OWIC ကတ် ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရ သည့် အလုပ်သမားများအနေဖြင့် ၁-၃-၂၀၂၆ ရက်နေ့မှစ၍ OWIC ကတ်ဖိုး ကျပ် ၅,၆၀၀/- နှင့် ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂,၄၀၀/- ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ပြည်ပတွင်အလုပ်လုပ် ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲ လျှောက်လွှာဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

OWIC ကတ်ဖိုးငွေများအား OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့သည့် ငွေလွှဲ လျှောက်လွှာ (မူရင်း)နှင့်အတူ မိတ္တူ(၁)စောင်အား ယူဆောင်၍ OWIC ပြုလုပ်ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်မှု မရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန