နေပြည်တော် ၊အောက်တိုဘာ ၁၆ ရက်
Covid-19 ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို Video Conference စနစ်ဖြင့် ၁၄:၀၀ အချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်တောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခု COVID-19 ကပ်ရောဂါဒုတိယလှိုင်းတွင်ကူးစက်ပြန့်ပွားမှုကာလတွင် အလုပ်သမားရေးရာကဏ္ဍအားဦးစားပေး ကဏ္ဍအဖြစ်သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၂-၁၀-၂၀၂၀ ရက်နေ့မှစ၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် A အဆင့်ရှိသည့် စက်ရုံ၊ အလုပ်ရုံများအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ COVID-19 အလွန်ကာလတွင် စီးပွားရေးပြန် လည်ကောင်းမွန်လာရေးအတွက်တည့်မတ်နိုင်ရေးအတွက်ရည်ရွယ်၍ ရေရှည်အကျိုးကိုကြည့်ကာ သက်ဆိုင်သူအားလုံးက ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့ စက်ရုံ၊ အလုပ်ရုံများအား မူလသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အတွက် ဆက်လက်လုပ်ကိုင်ခွင့်ပြု သည့်အပေါ် အလုပ်သမားအချို့၏ စိုးရိမ်ပူပန်မှုများကိုလည်းနာလည်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏သတ်မှတ်ချက်များနှင့်ကိုက်ညီစေရန် အလုပ်ရှင်နှင့်အလုပ်သမားအားလုံး ကတိကျစွာလိုက်နာလုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း တင်ပြလာသည့် သတ်မှတ်ချက် များနှင့်ကိုက်ညီမှုမရှိဟုယူဆသော စက်ရုံ၊အလုပ်ရုံများကိုလည်း သက်ဆိုင်ရာဌာနများမှရှောင်တခင် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာစက်ရုံများရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့များမှလည်း မိမိစက်ရုံအတွင်း COVID-19 ကပ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အလုပ်ရှင်၊အလုပ်သမား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊လူမှုဖူလုံရေးအဖွဲ့မှ COVID-19 ကာလအတွင်းဖြေလျော့ပေးမှုများအနေဖြင့်ထည့်ဝင် ကြေးပေးသွင်းသည့် ကာလ ကိုသက်ဆိုင်ရာလကုန်ဆုံးပြီးနောက် (၃) လနောက်ဆုတ်ပေးသွင်းခွင့် ပြုခြင်း၊ အလုပ်လက်မဲ့ကာလအတွင်းမကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်/ဆေးဘိုးနှင့် ခရီးစရိတ် များကို ၆ လမှ ၁နှစ်အထိခံစား ခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင်အာမခံ အလုပ်သမားများကို မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ % ခွင့်ပြုခြင်းနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမားများ မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့် ၆၀ % ခွင့်ပြုပေးခဲ့ပါကြောင်း။
ထောက်ပံ့မှုများအနေဖြင့် COVID -19 1st Wave ကာလဧပြီလ (၂၀) ရက်နေ့မှမေလ (၁၅) ရက်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အစစ်ဆေးခံရန် ခေတ္တပိတ်ထားသောစက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဌာနပေါင်း (၆,၄၂၉) ၊အလုပ်သမားပေါင်း (၈၀၀,၂၆၀) ဦးအတွက်ငွေကျပ်သန်း (၁,၉၆၄၀.၆၃၆)ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၊ ကျန်သောဌာနများကိုလည်း စိစစ် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ COVID-19 2nd Wave ကာလရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သောအမိန့်ကြော်ငြာစာအမှတ် ၁၉၆/၂၀၂၀နှင့် ၁၉၈/၂၀၂၀တို့အရ Stay at Home အစီအစဉ်တွင် အကျုံးဝင်သောရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင်ရှိသောအလုပ်သမား ၈၆၃,၉၀၀ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အားခွင့်ပြုပေးရန် ငွေကျပ်သန်း ၆၀,၁၄၆ ကျပ်သန်း လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဖူလုံရေးထောက်ပံ့ငွေများ လျှောက်ထားရာတွင် Online Webportal နှင့်မြို့နယ်ရုံးခွဲမှ တဆင့် လျှောက်ထားခြင်းများအား ၁၅-၁၀-၂၀၂၀ရက်နေ့အထိလျှောက်ထားမှုအချက်အလက်ပြည်စုံသည့် ဌာန(၁,၁၂၃)ဌာနမှ အာမခံအလုပ်သမား ၁၅၅,၈၂၂ ဦး အတွက်ခွင့်ပြုငွေ ကျပ်သန်း (၁၀၅၅၀.၀၃၂) အားခွင့်ပြုပေးခဲ့ပြီး ကျန်အလုပ်ဌာနများကိုလည်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ Stay at Home အဖြစ် သတ်မှတ်ထားသောကျန်သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများရှိမြို့နယ် (၁၁) မြို့နယ်ရှိအလုပ်ဌာန (၄,၇၂၇) ဌာနရှိ အာမခံအလုပ်သမား (၁၀၂,၃၅၉) ဦး အတွက်လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အားခွင့်ပြုထုတ် ပေးသွားမည်ဖြစ်ပါကြောင်း။
ဆေးကုသမှု ဆောင်ရွက်ပေးနေမှုများ အနေဖြင့် PUI လူနာများအတွက် ရန်ကုန်တိုင်းဒေသ ကြီး၊ ထန်းတပင်ဆေးရုံ၊ မန္တလေးအလုပ်သမားဆေးရုံများတွင် ICU(၂) ကုတင်၊ Isolation (၁၈) ကုတင် စုစုပေါင်း(၂၀)ကုတင်စီပြင်ဆင်၍ ကုသမှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ 1st Wave ကာလ(၁-၃-၂၀၂၀) ရက်နေ့မှ (၃၁-၇-၂၀၂၀) ရက်နေ့အထိအတွင်းလူနာ (၁,၈၅၉) ဦး၊ပြင်ပလူနာ (၄၀၃,၉၇၂) ဦးအားဆေးကုသမှုပေးနိုင်ခဲ့ပြီး 2nd Wave ကာလ (၁-၈-၂၀၂၀) ရက်နေ့မှ (၁၄-၁၀-၂၀၂၀) ရက်နေ့အထိအတွင်းလူနာ (၉၃၈) ဦး၊ပြင်ပလူနာ (၁၇၂,၅၂၂) ဦး အား ဆေးကုသမှုပေးနိုင် ခဲ့ပါကြောင်း၊ COVID-19 ကာလအတွင်း အာမခံအလုပ်သမားများ(၇၇၂) ဦးမှာ Positive လူနာရှိပြီး သက်ဆိုင်ရာကျန်းမာရေးဌာန၊ တိုင်းဒေသကြီး COVID ကော်မတီမှသတ်မှတ်ထားသော ဆေးရုံများ တွင် ဆေးကုသမှုခံယူလျက် ရှိပါကြောင်း၊ COVID-19 ကာလအတွင်း Quarantine ပြုလုပ်ခံရသည့် အာမခံအလုပ်သမား (၈၀၅၇) ဦး၊ ဆေးသက်သေခံလက်မှတ်ထုတ်ပြီးသူ (၁,၆၈၈)ဦး၊ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်၆၀% ထုတ်ပြီးသူအာမခံအလုပ်သမား(၄၉၉)ဦးအတွက်ငွေကျပ်(၄၅.၃၉၅) သန်းကိုခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း၊ COVID-19 ကာလအတွင်းအာမခံအလုပ်သမား ကိုယ်ဝန် ဆောင်မိခင် (၉,၈၈၂)ဦး၊ မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် ၆၀ %ထုတ်ပြီးသူ (၃,၃၉၅) ဦး အတွက် (၅၀၁.၀၈၅) သန်းကိုခွင့်ပြုထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများ၏ အကျိုး အလုပ်ရှင်များအကျိုး ကိုဦးစားပေးစဉ်းစားလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အလုပ်သမားများအနေဖြင့်လည်း COVID-19 ရောဂါထိရောက်စွာကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထား သည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် အလုပ်သမားအဖွဲ့အစည်းများမှ လတ်တလော စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ဆောင်ရွက်ရာတွင်တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပြဿနာများနှင့်ရောဂါ ကူးစက်ပြန့်ပွားမှုကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလုပ်ရှင်၊အလုပ်သမားများ ပူးပေါင်း ဆောင်ရွက်ထားသည့်အခြေအနေများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအားလိုက်နာမှုမရှိသည့်စက်ရုံအလုပ်ရုံများအားတာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ်ပေးနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ဝိုင်းဝန်အကြံပြုတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။