နေပြည်တော်၊ အောက်တိုဘာ ၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်သည့် Covid-19 ကပ်ရောဂါကာလ အတွင်း လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေးခြင်း ဆောင်ရွက်နေသည့် အခြေအနေများ နှင့်ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ၁၅:၃၀ အချိန်မှ ၁၆:၃၀ အချိန်ထိလည်းကောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ ညနေ ၁၆:၃၀ နာရီအချိန်မှ ၁၈:၃၀ အချိန်ထိလည်းကောင်း အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်တောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် COVID-19 ကပ်ရောဂါ ပထမလှိုင်းတွင်ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခံစားခွင့် ၄၀% ခွင့်ပြုအလုပ်ဌာနပေါင်း (၆၄၂၉) ဌာနရှိပြီး အာမခံ အလုပ်သမား (၈၀၀၂၆၀) ဦးအတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း (၁၉,၆၄၀.၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း ကျန်ရှိသည့် အလုပ်ဌာနများကိုလည်း အချက်အလက်များ စိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်း။
COVID-19 ကပ်ရောဂါ ထပ်မံဖြစ်ပွားခဲ့သည့် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုများပြားလာ သည့်အတွက် Stay at Home အစီအစဉ်ဖြင့် အကျုံးဝင်သည့် အလုပ်ဌာနများရှိ အာမခံအလုပ်ဌာန များရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% ခွင့်ပြုနိုင်ရေးအတွက် ၂၄-၉-၂၀၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၁၉၆/၂၀၂၀)အရ ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀%ထောက်ပံ့ပေးမှုအနေဖြင့် ၂၄-၉-၂၀၂၀ ရက်နေ့မှ ၇-၁၀-၂၀၂၀ ရက်နေ့အထိ Online Web portal မှ လျောက်ထားသည့် အလုပ်ဌာန (၁၈၃၂ ) ဌာနရှိပြီး ခွင့်ပြုခဲ့သည့် အလုပ်၊ ဌာန (၃၁၃) ဌာနနှင့် အာမခံ အလုပ်သမား ၃၃၈၀၂ ဦးအတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း (၂၃၆၂၇၃၃)ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့်ဌာနများကိုလည်း အမြန်ဆုံးစိစစ်၍ ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% အနေဖြင့် Quarantine ဝင်ရောက် သူ အလုပ်သမားများ Positive လူနာများ ဆေးရုံတက်ရောက်ရသူများ ကိုယ်ဝန်ဆောင်မိခင်များသို့ ဥပဒေနှင့်အညီထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများထုတ်ပေးရာတွင် အင်အားများသည့် စက်ရုံ၊အလုပ်ရုံများအတွက် ရုံးချုပ်မှ သက်ဆိုင်ရာနယ်မြေမြို့နယ်ရုံးသို့ ငွေလွှဲပေးပို့ပြီး ချက် လက်မှတ်အား စက်ရုံအလုပ်ရုံသို့ တိုက်ရိုက် ပေးပို့ဆောင်ရွက်ခြင်းနှင့် အင်အားနဲပါးသည့် စက်ရုံ အလုပ်ရုံများအတွက် Online မှပေးပို့ခြင်းစသည့် စနစ် ၂ မျိုးဖြင့် အမြန်ဆုံးထုတ်ယူရရှိရေး ဆောင် ရွက်လျက်ရှိပါကြောင်း။
မိမိအနေဖြင့် UMFCCI ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအားလုံးအား ပူးပေါင်း ဆောင်ရွက်မှုကိုအသိအမှတ်ပြုကျေးဇူးတင်ကြောင်း၊နိုင်ငံတော်အနေဖြင့်COVID-19 ရောဂါထိန်းချုပ် ၍အောင်မြင်စွာတွန်းလှန်နိုင်ရေး စီးပွားရေးရှင်သန်ရေးနှင့်တစ်ပြိုင်နက်တည်းမှာတွင်အလုပ်သမား များ၏ အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးမှုမရှိစေရန် အလေးထားဆောင် ရွက်လျက်ရှိကြောင်း၊ ယခုတင်ပြချက်များကိုလည်းအထက်အကြီးအကဲများနှင့် ဗဟိုကော်မတီသို့အလေးထားတင်ပြသွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ယှဉ်တွဲ၍ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ် နိုင်ရန် အနီးကပ်ကြီးကြပ်နေကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထောက်ခံချက်မှာလည်း အရေးပါကြောင်း COVID-19 အလွန်ကာလတွင် စီးပွားရေးပြန်လည်နှိုးထနိုင်ရေးအတွက် စီမံချက် များဦးစားပေးကဏ္ဍများ သတ်မှတ်နိုင်ရန် ညှိနှိုင်းရေးဆွဲနေမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး အလုပ်သမားအင်အားရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အဆက်အသွယ် ကောင်းများရှိ၍ စဉ်းစားတွေးခေါ်မှုကောင်းကြသူများဖြစ်၍ အနာဂတ်ကာလအတွက် လိုအပ်လာမည့် မိမိတို့အလုပ်သမားများအား ကျွမ်းကျင်မှုများကို ယခု ကပင်ဖြည့်ဆည်းသင်ကြားပေးရန်စီစဉ်ထားလျက်ရှိပြီးလုပ်ငန်းရှင်များနှင့်လည်းဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြား သွားခဲ့ပါသည်။
ဆက်လက်၍ တင်ပြသည့်လုပ်ခလစာနှင့် ထောက်ပံ့ငွေများ အမြန်ဆုံးရရှိရေး လုပ်ငန်းများ အမြန်ပြန်လည် လည်ပတ်ရေးနှင့် အလုပ်ရှင်နှင့် အလုပ်သမားများဘက်မှ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရှိပါသည်။