အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် မတ်လ ၁၃ ရက်
လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၀၉:၃၀နာရီအချိန်တွင် နေပြည်တော်ရှိ အလုပ်သမား၊လူ၀င်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား၀န်ကြီးဌာန စုဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်း၀န်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းနှင့်သက်ဆိုင်သောဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုး မှုအညွှန်းကိန်းများ လက်စွဲစာအုပ် ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၀င် များ၊ ကိုယ်စားလှယ်များနှင့်လေ့လာသူများတက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ “လူဦးရေနှင့် ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်ရေး ဆိုင်ရာလုပ်ငန်းစီမံကိန်း” ရလဒ်အရ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ၁၉၉၇ ခုနှစ်မှစတင် ပြီး လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေခဲ့ကြောင်း၊ နိုင်ငံတော်တွင် ပြောင်းလဲဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေးအခြေအနေများကို မူဝါဒချမှတ်သူများ၊ စီမံကိန်း ရေးဆွဲသူများနှင့်စီမံခန့်ခွဲကြီးကြပ်သူများက အချိန်နှင့်တစ်ပြေးညီ လေ့လာသုံးသပ်နိုင်ခြင်းဖြင့် ထိရောက်မှုရှိသောမူဝါဒများ ချမှတ်နိုင်မည်ဖြစ်၍ အညွှန်းကိန်းများ၏အရေးပါမှုကို ပိုမိုအလေး ထားပြီး နားလည်သဘောပေါက်စေရန်ရည်ရွယ်ချက်ဖြင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာစာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အလေးထားဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ လူ့စွမ်းအားဆိုင်ရာစီမံကိန်းများကို စနစ်တကျရေးဆွဲအကောင်အထည်ဖော်နိုင်ရန် တိကျ မှန်ကန်ပြီး ယုံကြည်ကိုးစားလောက်သည့် စာရင်းအင်းအချက်အလက်များ ရရှိရန်အထူးလိုအပ် ကြောင်း၊ စီမံကိန်းများအောင်မြင်နိုင်ရန် မူလအခြေပြုသည့် စာရင်းအင်းအချက်အလက်များ ပေါ်တွင်မူတည်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်သည့်အညွှန်းကိန်းများကို လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများလက်စွဲစာအုပ်တွင် တစ်စုတစ်စည်းတည်းတွေ့မြင်နိုင်ကြောင်း၊ နိုင်ငံ၏ လူ့စွမ်းအားဆိုင်ရာမှတ်တိုင်တစ်ခုဖြစ်၍ လက်စွဲစာအုပ်ကို ရေရှည်ထုတ်ဝေနိုင်ရေးအတွက် အညွှန်း ကိန်းနှင့်သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ် များပါဝင်သည့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေးအထောက်အကူပြု လုပ်ငန်းအဖွဲ့ (Core Working Group) ကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ စာရင်းအင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီး၍ နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဆောင်သည့် စာရင်းအင်း အချက်အလက်များမှန်ကန်ရေးနှင့်အရည်သွေးပြည့်ဝရေးကော်မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများဖော်ထုတ် အသုံးပြုရေးလုပ်ငန်းစီမံကိန်းအရ မိမိတို့ဝန်ကြီး ဌာနက ဦးတည်ဆက်သွယ်ရာ ဌာနအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲနှင့် ဘားအံတို့တွင် လေအေးပေးစက်တပ်ဆင်/ပြုပြင်သင်တန်း၊ ဂ‌ဟေဆက်သင်တန်း၊လျှပ်စစ်သင်တန်း၊ဆောက်လုပ်ရေးဆိုင်ရာကျွမ်းကျင်မှုသင်တန်း(လက်သမား၊ သံချည်သံကွေး)၊ကြီးကြပ်ရေးမှူးသင်တန်း၊စစ်ဆေးရေးမှူးသင်တန်း၊နည်းပြသင်တန်း၊ Compe-tency Standard Facilitator Training၊ Test Item Data Base Training၊ ညွှန်ကြားပြသမှု နည်းစနစ်သင်တန်း၊စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင်တန်း (ကိုရီးယား)နှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင်တန်း(အခြား) တို့ကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့တွင် ကျေးလက် အခြေပြုသက်မွေးသင်တန်းများဖြစ်သည့်ကျေးလက်စက်ပြင်သင်တန်း၊အိမ်တွင်းလျှပ်စစ်သင်တန်း၊ ဆံပင်နှင့် မိတ်ကပ်အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ ပိုက်ဆက် ပိုက်ပြင်သင်တန်း၊ ပန်းရံ သင်တန်း၊ ဂဟေဆက်သင်တန်းနှင့် အရောင်းစာရေးသင်တန်းများကို ပို့ချပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက်အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ကိုယ်စားလှယ်များကလူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ် ရေရှည်တည်တံ့စေရေးအဖွဲ့ခွဲ၍ ဆွေးနွေးသုံးသပ်အကြံပြု ချက်များရယူကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လျာထား၍ အလုပ်ရုံဆွေးနွေးပွဲ ကို ညနေပိုင်းတွင်ရုပ်သိမ်းလိုက်သည်။