အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ၈-၂-၂၀၂၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် တာဝန်ရှိသူများနှင့် နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့သွားရောက်ခဲ့ရာ ကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးမှ   သင်တန်းကျောင်း၏ လေ့ကျင့်သင်ကြားဆောင်ရွက်နေမှုအခြေအနေများနှင့်  လုပ်ငန်းလိုအပ်ချက် များကိုရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး ပြည်ပသို့အလုပ်လုပ်ကိုင်ရန် ထွက်ခွာမည့်လုပ်သားများ၏ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ်ချုပ်ဆိုနေမှု အခြေအနေ များ၊ ပြည်ပသို့အလုပ်လုပ်ကိုင်ရန်သွားရောက်မည့် လုပ်သားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းပို့ချနေမှုအခြေအနေများအားကြည့်ရှု့၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံအားပေးစကားပြောခဲ့ကြားပြီး လိုအပ်ချက်များမေးမြန်း၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနနှင့် အောင်မြင်မှုသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် အထည်ချုပ်သင်တန်းဖွင့်လှစ်မှု အခြေအနေများကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံမှလှူဒါန်းထားသည့် ကိုရီယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သား များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းကျောင်း လက်ရှိတည်ဆောက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းကြည့်ရှု့၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေရေး လုပ်ငန်းခွင် ဘေးအအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အမှီပြီးစီးအောင် ဆောက်ရွက်စေရေး တို့အားလမ်းညွှန်မှာ ကြားခဲ့ပြီး အဆိုပါသင်တန်းကျောင်းမှ ၁၄:၃၀ နာရီအချိန်တွင်ပြန်လည်ထွက် ခွာသွားကြောင်းသတင်းရရှိ ပါသည်။