အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ၇-၂-၂၀၂၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှတာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရှင်နှင့်အလုပ်သမားများ၏ လက်ရှိ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ လက်ရှိဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုအခြေ အနေများ၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်သုံး ဆောင်ရွက်နိုင်ရေးနှင့် အလုပ်ရှင်/အလုပ်သမားများ၏ အခွင့်အရေးကို ထိရောက်စွာကာကွယ်နိုင် ရေးအတွက်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေမှုအခြေအနေများ၊ တစ်နိင်ငံလုံးရှိ အလုပ်သမားဦးရေအခြေအနေများ၊ အလုပ်သမားဥပဒေ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ပေးမှုအခြေအနေများ၊ လူမှုဖူလုံရေးအဖွဲ့မှဆေးဝါးကုသပေး မှုနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်ပေးချေမှုအခြေအနေများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ် ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံအလုပ်ရုံများအားစစ်ဆေး ဆောင်ရွက်မှုအခြေအနေများ၊ အချိန်ပို လုပ်ကိုင်ခြင်း လုပ်ခလစာငွေကြေးအကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေများ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ငွေကြေးအကျိုးခံစားခွင့်ရရှိအောင်ဆောင်ရွက်ပေးမှု အခြေအနေများ၊ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တိုးချဲ့ဖွဲ့ စည်းနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် အမြဲတန်းအတွင်းဝန် ဦးမျိုးအောင် မှ  ဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေပါ အချက် အလက်များ၊ ယနေ့ဖြစ်ပွားလျက်ရှိသည့် အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား အငြင်းပွားမှုအခြေ အနေများ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှ တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာန နှင့်ပူးပေါင်း ဆောင်ရွက်နေသည့် အလုပ်သမားရေးရာကိစ္စရပ်များ၊ အလုပ်သမားများ အတွက် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ အလုပ်သမားရေးရာ ဥပဒေများနှင့် ပတ်သက်၍အသိပညာပေးရန်လိုအပ်သည့် အခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေရှည်ဆောင်ရွက်လိုသည့် အချက်များအား အကြံပြု ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် မှလည်း အလုပ်သမားရေးရာကိစ္စ ရပ်များ နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများကို ဖြည့်စွက်တင်ပြခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန်ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးဦးစီးမှူးများ တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။