အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ အောက်တိုဘာ ၇ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr. Christian LECHERVY အား အောက်တိုဘာလ(၇)ရက်၊ ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာ နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြုသဘောဆောင်၍ ဆက်ဆံ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ပြင်သစ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှုနှင့် ပြင်သစ်-မြန်မာ ကုန်သည်ကြီးများအသင်း တည်ထောင်ဆောင်ရွက်နေမှုအခြေ အနေ၊ ပြင်သစ်ကုမ္ပဏီများ၌ မြန်မာလုပ်သားများ ခန့်ထားဆောင်ရွက်မှုနှင့် ကျွမ်းကျင်လုပ်သား များဖြစ်စေရေးအတွက် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု၊ လုပ်သားစွမ်းရည် မြင့်မားရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှု၊ ILO နှင့်ပူးပေါင်းကာ မြန်မာအလုပ်သမားများအတွက် အလုပ်သမားဥပဒေရေးဆွဲဆောင်ရွက်နေမှုနှင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြဌာန်းဆောင်ရွက်မှုအခြေအနေ၊ အနည်းဆုံးလုပ်ခလစာ သတ်မှတ် ပြဌာန်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်းသတ်မှတ် ဆောင်ရွက်မှုနှင့် အလုပ်သမားများ၏အကျိုးအတွက် ရှေးရှုဆောင်ရွက်နေမှုအခြေအနေ၊ ပြင်သစ် နိုင်ငံသားများ မြန်မာနိုင်ငံသို့ အလွယ်တကူလာရောက်နိုင်ရေးအတွက် ဆိုက်ရောက်ဗီဇာ (Visa On Arrival) နှင့် e-Visa ခွင့်ပြုဆောင်ရွက်ပေးထားမှုနှင့် အချို့နိုင်ငံများအား ကမ္ဘာလှည့် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် စမ်းသပ်ခွင့်ပြုဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံ သို့ ပြင်သစ်နိုင်ငံသားများ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် အလည်အပတ်ခရီးသွားများ လာရောက်နိုင် ရေးအတွက် ပြည်ဝင်ဗီဇာလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ မိမိတို့ဌာန အနေဖြင့် e-Government ကော်မတီ၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် လူတစ်ဦးလျှင် နံပတ်တစ်ခုပေးမည့် Unique ID အကောင်အထည်ဖော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာကတ်ပြားများအား ဒီဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲနိုင်ရေး ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်၊ UID ၊ e-ID စနစ်နှင့် နယ်စပ်ဒေသများအပါအဝင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများနှင့်ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် ပြင်သစ်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအခြေအနေနှင့် ယင်းလုပ်ငန်းစဉ်များနှင့် ဆက်စပ်ပတ်သက် သည့် အခြားသောဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာ-ပြင်သစ် နှစ်နိုင်ငံအကြား ကဏ္ဍများစွာ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။