နေပြည်တော်                                                                               နိုဝင်ဘာလ ၁၀

အလုပ်သမားဝန်ကြီးဌာန၏ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၁၀:၀၀) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း နှင့်အတူ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်သမား ဝန်ကြီးဌာနသည် အလုပ်ရှင်၊ အလုပ်သမားများလုပ်ငန်းခွင်အေးချမ်းသာယာရေး နှင့် ကုန်ထုတ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ အများဆုံးဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေ ရှာဖွေပေးနေသည့် CMP လုပ်ငန်းများသည် မြန်မာလုပ်သားထု နှင့် မြန်မာနိုင်ငံသားများအတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီများ၊ တိုင်းရင်းသားကုမ္ပဏီများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက် နေသည့် CMP လက်ခစားလုပ်ငန်းများကို နိုင်ငံတော်မူဝါဒနှင့်အညီသတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်ညီညွတ်စေရေးစစ်ဆေးဆောင်ရွက်နိုင်ရန် CMP လုပ်ငန်းများကြီးကြပ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၆) ဦးဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၇-၃-၂၀၂၂  ရက်နေ့ တွင် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များမှာ CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်လိုကြောင်း လျှောက်ထားလာမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး သဘောထားမှတ်ချက်နှင့်တကွ စိစစ်ဆောင်ရွက်ပေးခြင်း၊ CMP စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းများအား တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊ ရရှိသော လုပ်ခများကိုဘဏ်သို့ မှန်ကန်စွာပေးသွင်းခြင်း ရှိ/မရှိ၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သော လုပ်ခခံစားခွင့်များ အပြည့်အဝထုတ်ပေးခြင်း ရှိ/မရှိ၊ စာရင်းဇယားများစနစ်တကျထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေး ခြင်းတို့ဖြစ်ကြောင်း၊

CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီကို အထောက်အကူပြုနိုင်ရန်အတွက် ဆပ်ကော်မတီ (၃) ရပ် နှင့် လုပ်ငန်းအကြံပေးကော်မတီတစ်ရပ်တို့ကို ၂၄-၁၁-၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို (၂) ကြိမ်ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ကော်မတီဝင်ဌာနဆိုင်ရာ၊ အသင်းအဖွဲ့များမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ပြီး  CMP လုပ်ငန်းများနှင့်ပတ်သက်၍ ဖြေလျှော့ပေးမှုများပြုလုပ်ပေးသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊

ဆက်လက်၍ မြန်မာနိုင်ငံရှိ CMP စက်ရုံ၊ အလုပ်ရုံများသည် ပြည်ပရင်းနှီးမြှုပ်နှံမှုကို အခြေပြု၍လုပ်ကိုင်နေရပြီး အချို့သောစက်ရုံများသည် ကုန်ကြမ်းပြတ်တောက်ခြင်း၊ အမှာစာ များမရရှိခြင်း ၊ ဝင်ငွေလျော့နည်းကျဆင်းခြင်း၊ ငွေကြေးအခက်အခဲများရှိခြင်း၊ လုပ်ခလစာ မပေးနိုင်ခြင်းတို့ကြောင့် စက်ရုံများအပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သား အင်အားလျှော့ချခြင်းများရှိသကဲ့သို့ အသစ်ဖွင့်လှစ်သည့်စက်ရုံနှင့် ပြန်လည်ဖွင့်လှစ်သည့်စက်ရုံ များလည်းရှိပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများအား လုပ်ခလစာ ထုတ်ပေးနိုင်မှုနှင့်စပ်လျဉ်းပြီး ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီမှ ဖွဲ့စည်းပေးထားသည့် One Stop Services (OSS) တွင် အလုပ်သမားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းတို့ကို တာဝန်ပေးအပ်ထားပြီး OSS ရုံးရှိသက်ဆိုင်ရာဌာနများ၊ UMFCCI ၊ ဘဏ်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ အလုပ်သမားများ၏လုပ်ခလစာရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

အလုပ်လက်မဲ့ဖြစ်ပေါ်နေသည့် အလုပ်သမားများကို New Normal အခြေအနေနှင့်အညီ အသစ်ဖွင့်လှစ်လုပ်ကိုင်သည့် စက်ရုံများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့်အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ နည်းပညာများနှင့်ကိုက်ညီသော အလုပ် အကိုင်ရရှိရေးနှင့်နည်းပညာများကို သင့်လျော်သည့်နေရာများတွင် ပြန်လည်အသုံးပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ဖွဲ့စည်းပေးထားသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် မိမိတို့နယ်မြေများအတွင်းရှိ CMP  စက်ရုံ၊ အလုပ်ရုံများသို့ သတ်မှတ်ပုံစံဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် အချက်အလက်များ မှန်ကန်စွာ ရရှိရေးအလေးထားစိစစ်ဆောင်ရွက်စေလိုကြောင်း နှင့် လိုအပ်သည်များကူညီပံ့ပိုးနိုင်ရန်၊ မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ အားကောင်းလာစေရန် တွေ့ကြုံရသည့်အခက်အခဲများ နှင့် ဆောင်ရွက်ပေးစေလိုသော အချက်များကို ဆွေးနွေးပေးစေလိုကြောင်း၊  

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်အစည်း အဝေးကို (၄) ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရ သည့်အခက်အခဲများ၊ ဖြေရှင်းရမည့်နည်းလမ်းများအား ဝိုင်းဝန်းဆွေးနွေး၍ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါကြောင်း နှင့် CMP လုပ်ငန်းသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုတွင် အရေးကြီးသည့် ကဏ္ဍမှပါဝင်သည့်အတွက် ကော်မတီဝင်များအနေဖြင့် လုပ်ငန်းတာဝန်များအား သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးအကြံပြုပေးစေလိုကြောင်း၊

ဆက်လက်၍ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ယခင်အစည်းအဝေးဆုံးဖြတ် ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာ သောကော်မတီဝင်များမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပါကြောင်း သတင်းရရှိပါသည်။