နေပြည်တော် ၊ စက်တင်ဘာ ၁ ရက်

လူမှုဖူလုံရေးအဖွဲ့မှCOVID-19 ကာလအတွင်းဖြေလျော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြသည့်အခမ်း အနားကို ၁-၉-၂၀၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာ စကား‌ ပြောကြားရာတွင် Coronavirus Disease (COVID-19)ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင် ယခုအချိန်ထိ ရောဂါကူးစက်ပျံ့ပွားမှုမှာ ဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ COVID-19 ကပ်ရောဂါကြောင့် လူသားများအ‌ပေါ် ကျန်းမာရေးသက်ရောက်မှုသာမက နိုင်ငံအတော်များများ ၏ စီးပွားရေးအပေါ်တွင်လည်း ဝန်ထုတ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် ဆိုးရွားသော သက်ရောက်မှုများအား တုံ့ပြန်ဆောင်ရွက် နိုင်မည့် မဟာဗျူဟာစီမံကိန်းများကို ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့်လည်း ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို တွေ့ကြုံ ရင်ဆိုင်ရလျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလျင်လျင်မြန်မြန် နလန်ထူလာနိုင်အောင် တစ်နိုင်ငံ လုံးအတိုင်းအတာအနေနှင့် စုစည်းတုံ့ပြန်နိုင်မှုများကို ဆောင်ရွက်နိုင်ဖို့ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် COVID -19 Economic Relief Plan (CERP Plan) ကို၂၇-၄-၂၀၂၀ ရက်နေ့ တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊အဆိုပါ CERP Plan အရမည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိ စေဘဲ Stakeholders အားလုံး၏ လိုအပ်ချက်တွေကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ပြည်သူ တစ်ဦးတစ်ယောက်ခြင်းနှင့် အသိုက်အဝန်းတစ်ခုလုံး၏ ပူးတွဲလုပ်ကိုင်အားပေးပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊

နိုင်ငံတော်အနေဖြင့်လည်းCoronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ နှင့်  ညှိနှိုင်းပြီး COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအပြင် စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်ရေးအကာအကွယ်ပေးရန်၊ အသက်မွေးဝမ်းကြောင်း နှင့် ဝင်ငွေတည်ငြိမ်ရေးတို့ကိုအထောက်အကူဖြစ်စေမည့် ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာအားပေး လှုံ့ဆော်မှု အစီအမံများ၊ စီးပွားရေးတည်ငြိမ်စေရန်နှင့် အလုပ်အကိုင်ပြဿနာများ ဖြေရှင်းရန် ထိရောက်သည့် အစီအမံများကိုသက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ ကဏ္ဍအလိုက်ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

COVID-19 ဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်း၊ အလုပ်သမားလျော့ချခြင်းများ မဖြစ်စေရန်အတွက် အမိန့်ကြော်ငြာစာ များ၊ ညွှန်ကြားချက်များထုတ်ပြန်၍ ထည့်ဝင်ကြေးပေးသွင်းသည့် ကာလကိုဖြေလျော့ပေးသွင်း ခွင့်ပြုခြင်း၊ COVID-19 ကာလအတွင်းလုပ်ငန်းခွင်မှ အလုပ်လက်မဲ့ဖြစ်သွားသည့် အာမခံအလုပ် သမားများအတွက်မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့်ကို(၂၆)ပတ်အထိခွင့်ပြုပေးခြင်း၊ ဆေးဘိုး နှင့်ခရီးစရိတ်ပြန်အမ်းငွေကို (၁) နှစ်အထိခွင့်ပြုပေးခြင်း၊ ကိုယ်ဝန်ဆောင် အာမခံအလုပ်သမား များကိုမကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် ၆၀%အဖြစ် (၂၆)ပတ်ထိခွင့်ပြုပေးခြင်း၊ Quarantine ဝင်ရသည့် အာမခံအလုပ်သမားများအတွက် Quarantine ဝင်ရသည့်ကာလ (၂၈) ရက်အား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀%ကိုငွေကြေးအကျိုးခံစားခွင့်ပြုခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်နှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် ဧပြီလ (၂၀)ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိခေတ္တပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% အားခွင့်ပြုပေးခြင်းများဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယခုကဲ့သို့ ဖြေလျော့ပေးသည့်လုပ်ငန်းစဉ်များအပေါ် ထိရောက်မှု ရှိ/မရှိ ပြန်လည်သုံးသပ်ရန်နှင့် ထိုသို့သုံးသပ်ရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့များ၏ Covid-19 ကာလအတွင်းတွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကို လေ့လာဆန်းစစ်ပြီး ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ရန် လိုကြောင်း၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါသက်ရောက်မှုများ လျော့နည်းသက်သာ စေရေးအစီအမံများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း‌ ပြောကြားခဲ့ပါသည်။

၎င်းနောက် လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် က COVID-19 ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ ဖြေလျော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များအားရှင်းလင်းတင်ပြရာတွင် လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် (၆) မျိုးအနက် (၂) မျိုးကိုအကောင်အထည်ဖော်ကျင့်သုံးလျက်ရှိပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကုန်အထိ အကျုံးဝင်အလုပ်ဌာန (၃၅၇၇၈) ဌာနနှင့် အလုပ်သမား (၁.၃၈)  သန်းကျော် ရှိကြောင်း၊ COVID-19 ဂယက်ကြောင့် ၂၈-၈-၂၀၂၀ ရက်နေ့အထိစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များမှ ယာယီအလုပ်ပိတ်သိမ်းထားသည့်ဌာနနှင့် အလုပ်သမားအင်အားလျော့ချသည့် ဌာန စုစုပေါင်း (၅,၈၄၇)ဌာနရှိပြီး၊ အလုပ်သမား (၁၆၄,၅၅၄) ဦးရှိကြောင်း၊လူမှုဖူလုံရေးအဖွဲ့မှဖြေလျာ့ မှုအနေဖြင့် အမိန့်ကြော်ငြာစာများနှင့်  ညွှန်ကြားချက်များထုတ်ပြန်၍ ဖြေလျော့မှုများပြုလုပ် ပေးခဲ့ကြောင်း၊ COVID-19 သက်ရောက်မှုကြောင့် အလုပ်လက်မဲ့ဖြစ်သောအလုပ်သမားများ၏ လုပ်ခလစာများထုတ်ပေးနိုင်ရေးနှင့် အလုပ်ရှင်များဆက်တည်နိုင်ရေးအတွက် COVID-19 Fund သို့လူမှုဖူလုံရေးရန်ပုံငွေမှကျပ်ဘီလီယံ(၅၀)လွှဲပြောင်းပေးခဲ့မှုအခြေအနေ၊Quarantine ဝင်ရောက် ရသည့်အာမခံအလုပ်သမား (၄၉၃)ဦးအတွက် အကျိုးခံစားခွင့်ငွေကျပ်သန်း (၄၄.၉၁၁) သန်းအား ခွင့်ပြုထုတ်ပေးခဲ့မှုအခြေအနေ၊ ကိုယ်ဝန်ဆောင်အာမခံအလုပ်သမား (၂,၇၄၁) ဦးအတွက် မကျန်း မာမှုငွေကြေးအကျိုးခံစားခွင့်ငွေကျပ်သန်း(၄၀၀.၀၇၆)ကိုခွင့်ပြုထုတ်ပေးခဲ့မှုအခြေအနေ၊ ငွေကြေး အကျိုးခံစားခွင့်ပြုခြင်း၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏အကြံပြုချက်နှင့်အညီသတ်မှတ် ချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးနိုင်ရန်အတွက် ဧပြီလ(၂၀)ရက်နေ့မှမေလ(၁၅)ရက်နေ့အထိ ခေတ္တပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံ ရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀% ကိုအလုပ်ဌာန (၆၀၂၈) ဌာနမှ အာမခံအလုပ်သမား (၇၈၁,၁၀၆) ဦးအတွက် အကျိုးခံစားခွင့်ငွေကျပ်သန်း (၁၈,၈၀၀.၆၇၉) အားစိစစ်ခွင့်ပြုထုတ်ပေး ခဲ့ပါကြောင်း၊

COVID-19 ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုထုတ်ပေးခဲ့သည့် ငွေကြေးအကျိုး ခံစားခွင့် စုစုပေါင်းကျပ်သန်း (၂၆,၅၇၆.၇၆၂) အားထုတ်ပေးခဲ့မှုအခြေအနေ၊ COVID-19 ရောဂါ ကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရန်နှင့် အာမခံအလုပ်သမားများမှ အကျိုးခံစားခွင့်များကို လွယ်ကူလျင်မြန်စွာရရှိစေရန် Wave Money ဖြင့် Pilot ဆောင်ရွက်မှုအခြေအနေ၊  လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများ၌ အာမခံအလုပ်သမားများအတွက် ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ဆေးပစ္စည်းကိရိယာများကို အသင့်ဆောင်ရွက်ထားမှုနှင့် ရောဂါကုသပေးနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Video၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးမှုနှင့် Viber Sticker များ လွှင့်တင်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ CERP Plan ပါ လူမှုဖူလုံရေးဆိုင်ရာ အချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေး စိတ် ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးဆွေးနွေးခဲ့ မှုအပေါ် ပြည်ထောင်စုဝန်ကြီးက အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ် အကောင်အထည် ဖော်ရန်အတွက် ILO၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်နိုင်ရန် EU အဖွဲ့မှ ထောက်ပံ့ကူညီမှု များရယူပြီးဆက်လက်ဆောင်ရွက်ရန်၊ အာမခံအလုပ်သမားများ ဆေးဘိုးပြန်လည်ခွင့်ပြုထုတ် ပေးခြင်းကို Wave Money ဖြင့်တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်ရှင်များ ထည့်ဝင်ကြေးပေးသွင်း ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် e-Contribution လုပ်ငန်းကို CCT Function ဖြင့် Pilot ဆောင်ရွက်သွားရန်၊လက်ရှိဆောင်ရွက်နေသော Reform (၄) ဆက်လက်ဆောင်ရွက်ခြင်း၊ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၄၀%) အားကျန်ရှိသော အကျုံးဝင်အလုပ်ဌာန များအား ဆက်လက်စိစစ်ခွင့်ပြုသွားရန်၊ Quarantine ဝင်သည့်အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်အာမခံအလုပ်သမားများအားမကျန်းမာမှုအကျိုးခံစားခွင့် (၆၀%) ကိုဆက်လက် ခွင့်ပြုထုတ်ပေးသွားရန်၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် စာရင်းဇယားများတိကျ မှန်ကန် ရေးအလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လာသည့် လက်ထောက်ဆရာဝန် (၁၈)ဦးအား ‌တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနသို့ပြောင်းရွှေ့လာသော လက်ထောက်ဆရာဝန်(၁၈)ဦး အားတွေ့ဆုံ ရသည့်အတွက် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝမ်းမြောက် ဝမ်းသာကြိုဆိုပါကြောင်း၊          လူမှုဖူလုံရေးအဖွဲ့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် လက်ထောက် ဆရာဝန်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ဆောင်ရန်ရှောင်ရန်အချက်များကိုနားလည်သိရှိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊စည်းကမ်းများနှင့်အညီကျင့်ကြံနေထိုင်ကြရန်လည်းပြောကြားလိုပါကြောင်း၊ ၎င်းအပြင် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင်အထည်ဖော်ကြရမည်ဖြစ်ပြီးမိမိတို့နှင့်သက်ဆိုင်သောပညာရပ်များသာမကနိုင်ငံ့ဝန်ထမ်း တိုင်းသိသင့်သိထိုက်သည့် ဘာသာရပ်နယ်ပယ်အသီးသီးကိုလည်း နားလည်သိရှိပြီး အစဉ်တိုး တက်စေရန် လေ့လာဆည်းပူးသွားကြရန်လိုအပ်ပါကြောင်း၊

လူမှုဖူလုံရေးဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သောကြောင့် အာမခံအလုပ်သမားများအနေဖြင့် ဆေးရုံ/ ဆေးခန်းများကိုပိုမိုယုံကြည်အားကိုးလာစေရန်မိမိတို့တတ်ကျွမ်းသည့်ပညာရပ်များဖြင့်ထိရောက် သောဝန်ဆောင်မှုပေး၍ နွေးထွေးပျူငှာစွာ ဆက်ဆံဆောင်ရွက်သွားရေးသည် အရေးကြီး ပါကြောင်းနှင့် အာမခံအလုပ်သမားများအား ထိရောက်သော ဆေးကုသူမှုလုပ်ငန်းများကို ဆောင် ရွက်ပေးသွားကြစေလိုပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လည် ၁၂:၀၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။