နေပြည်တော် ဇန်နဝါရီ ၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကော်မတီ ဝင်များနှင့် ၃-၁-၂၀၂၀ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှဥက္ကဋ္ဌနှင့် စင်္ကာပူနိုင်ငံ၊ဂျပန်နိုင်ငံ သို့အလုပ်သမားစေလွှတ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ စင်္ကာပူနိုင်ငံသို့မြန်မာ အိမ်တွင်းအထောက်အကူပြု အလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရန် သင်လျော်သည့် အဖွဲ့ အစည်းနှင့်MoUလက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း ရှင်များ အဖွဲ့ချုပ်နှင့်လက်ရှိ ဆွေးနွေးဆောင်ရွက်နေမှု အခြေအနေများအား အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက်သွားနိုင်ရန် ဝန်ကြီးဌာနဘက်မှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများအားပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ ဂျပန်နိုင်ငံမှ ကျွမ်းကျင်မြန်မာအလုပ်သမားများအား ခေါ်ယူမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူ MoU လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းနယ်ပယ် ၁၄ မျိုးအနက် လက်ရှိလုပ်ငန်း ၂ မျိုးအား လာရောက်စစ်ဆေးခေါ်ယူမှုများနှင့်ပတ်သက်၍ ဂျပန် နိုင်ငံရှိအဖွဲ့အစည်းအသီးသီးမှ မြန်မာအလုပ် သမားများခေါ်ယူရန် လာရောက်တွေ့ဆုံမှုများရှိရာ ၎င်းတို့ဘက်မှ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု အလုပ်သမားခေါ်ယူမည့်အစီအစဉ် မတူညီမှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီ တန်းတူမျှမျှတတ ဖြစ်စေရန်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ အဖွဲ့ချုပ်နှင့်အေဂျင်စီများကလည်း နားလည်၍ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိတွင်ဂျပန်နိုင်ငံသို့ကျွမ်းကျင်လုပ်သားအဖြစ်စေလွှတ်ခဲ့သော်လည်း မူလသဘောတူထားသည့်လုပ်ငန်း၌ လုပ်ကိုင်ရခြင်းမရှိသည့် အတွက်လုပ်သားများ၏ တိုင်ကြား လာမှုများရှိရာ အလုပ်သမားများပို့ဆောင်ရာတွင် အေဂျင်စီများအနေနှင့် ဌာနကချမှတ်ထားသည့် မူဝါဒစည်းမျဉ်းစည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ကြရန်နှင့် အဖွဲ့ချုပ်မှလည်းအေဂျင်စီများ အားလိုအပ်သလို ထိမ်းသိမ်းကြပ်မတ်၍ လုပ်သားများအကျိုး၊အေဂျင်စီများအကျိုး၊ နိုင်ငံတော်၏ အကျိုးတို့ကို မျှမျှတတ စဉ်းစားလုပ်ဆောင်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်သား များ၊ အေဂျင်စီများနှင့် ဝန်ကြီးဌာနတို့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်မှ အောင်မြင်မည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း မူဝါဒများ တိတိကျကျချမှတ်ကာလုပ်ငန်းစဉ်များ ချောမွေ့ လျင်မြန်လွယ်ကူစေရန် ဖြေလျော့မှု၊ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း၊
ဂျပန်နိုင်ငံသို့လုပ်သားပို့ဆောင်ခဲ့သည့်မြန်မာနိုင်ငံမှအေဂျင်စီအချို့အားအရေးယူဆောင်ရွက် နေရသည့်ဖြစ်စဉ်များရှိပါကြောင်း၊ သို့ဖြစ်ပါ၍အေဂျင်စီအဖွဲ့ချုပ်၏အခက်အခဲများ၊ လိုအပ်ချက်များ ကို ဝန်ကြီးဌာနသို့ အချိန်မရွေးလာရောက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြနိုင်ကြောင်း၊ အလုပ် သမားအကျိုး၊ အေဂျင်စီ၏အကျိုး၊ နိုင်ငံ၏အကျိုးဖြစ်ထွန်းစေရေးအားလုံး ဝိုင်းဝန်းဆောင်ရွက် သွားရန်လိုကြောင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာသည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စင်္ကာပူနိုင်ငံသို့ အိမ်တွင်းအထောက်အကူပြု မြန်မာအလုပ်သမား များတရားဝင်စေလွှတ်နိုင်ရန်MoUလက်မှတ်ရေးထိုးနိုင်ရေး၊ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်မြန်မာအလုပ် သမားများစေလွှတ်နိုင်ရေးတို့နှင့်ပတ်သက်၍လိုအပ်ချက်များ၊ အကြံပြုချက်များအား တင်ပြဆွေးနွေး ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက လိုအပ်ချက်များပေါင်းစပ် ညှိနှိုင်းဆွေးနွေး ပေးခဲ့ပြီး အဆိုပါတွေ့ဆုံပွဲအား မွန်းတည့် ၁၂:၀၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။