အမှတ် (၉)၊ စီတာပတ်ကွင်းလမ်း၊ တိုင်းဆေးရုံကြီးတောင်ဘက်ရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) မကွေးမြို့၌ ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့ထိ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း (၂/၂၀၂၅)ကို သင်တန်းသား (၂၀) ဦးဖြင့် စာတွေ့၊ လက်တွေ့များ သင်ကြားပို့ချခဲ့ပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီး)၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပုသိမ်ကြီးမြို့၊ စုဖြိုးအထည်ချုပ်စက်ရုံ၌ ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂၈-၁၁-၂၀၂၅ ရက်နေ့ထိ အခြေခံ အခြေခံကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်းသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

