အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၁-၁၁-၂၀၂၄ ရက်နေ့၊ ၁၀: ၀၀ နာရီမှ ၁၃:၀၀ နာရီအထိ၊ အလုပ်သမားဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ပြည်တွင်း၊ ပြည်ပလုပ်သားဈေးကွက်မှ လိုအပ်သော ကျွမ်းကျင်လုပ်သား များ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လျာထားဆောင်ရွက်နိုင်မှုအခြေအနေနှင့်ပတ် သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ အလုပ်သမားညွှန် ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ NSSA အသိအမှတ်ပြု သင်တန်းကျောင်း တာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအသိအမှတ်ပြုသင်တန်း ကျောင်း တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်းမှ တာဝန်ရှိသူ များနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။