အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                              မေ ၉

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ဂဟေဆက်မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး အစီအစဉ်  များကို လျာထားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ကို ၁၉၇၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကာ အတတ် ပညာဆိုင်ရာ ဆရာဖြစ်သင်တန်းများ၊ ကြီးကြပ်ရေးမှူး သင်တန်း၊ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေးသင်တန်းနှင့် လုပ်ငန်းကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း နည်းစနစ်သင်တန်း များကို ၁၉၈၈ ခုနှစ် အထိ ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ် ပြုပြင် ပြောင်းလဲလာမှု နှင့်အတူ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်များတိုးတက်ရရှိစေရေး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်းစုစုပေါင်း (၂၀) ကြိမ်ကို သင်တန်းသား ကျား (၄၄၅) ဦး၊ မ (၇) ဦး၊ စုစုပေါင်း (၄၅၂) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်အရ လေအေး ပေးစက်တပ်ဆင်သူအလုပ်အကိုင် အဆင့် (၁) နှင့် အဆင့် (၂)၊ ကြွေပြားကပ်လုပ်သား အဆင့် (၁) တို့ကို စစ်ဆေးအကဲဖြတ် ခြင်း (၉) ကြိမ်ဖြင့် ဖြေဆိုသူ လုပ်သား (၂၇၃) ဦးအား စစ်ဆေးအကဲဖြတ်ရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လက်ရှိဖွင့်လှစ်နေသော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း၊ ဂဟေဆက်သင်တန်း၊ လေအေးပေးစက်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ မော်တော် ယာဉ်စက်ပြင်သင်တန်းနှင့် ကြွေပြားကပ်သင်တန်း စသည့် သင်တန်း (၅) မျိုးနှင့် ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အပါအဝင် သင်တန်းအမျိုးအစား (၆) မျိုး အတွက် သင်တန်းသား (၅၀၀) ဦးအား ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်း လုပ်ငန်းစဉ်အား (၁၂) ကြိမ်ဖြင့် ဖြေဆိုသူလုပ်သား (၃၀၈) ဦးအား စစ်ဆေးပေးရန် လျာထားပါကြောင်း ရှင်းလင်းတင်ပြပါသည်။

ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများ လုံလောက်စွာရရှိရန် လိုအပ်လျက်ရှိရာ အနာဂတ်မြန်မာ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ လူငယ်များအတွက် ကျွမ်းကျင်လုပ်သားများအဖြစ် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များ အတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရန် တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းပြီး သင်တန်းများတိုးချဲ့ဖွင့်လှစ်သွားရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်း တာဝန်များ အောင်မြင်စေရေး အလေးထားဆောင်ရွက်ရန်၊ နည်းပြဆရာများအနေဖြင့် သက်ဆိုင်ရာကျွမ်းကျင်မှု အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာကြရန်နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ရေး၊ နည်းပြများအရည်အသွေး တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန် တို့ကို လမ်းညွှန်မှာကြားပြီး သင်တန်းကျောင်းအတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။