အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြိတ်                                                                                                               ဇူလိုင် ၂၇။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိပြီး အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း စက်မှုလုပ်ငန်းများကုမ္ပဏီ၊ Vantage ကုမ္ပဏီ၊ ထူးထူးတိုးကုမ္ပဏီပိုင် အအေးခန်းစက်ရုံနှင့် ငါးအသားလွှာစက်ရုံ၊ ငါးအမှုန့် ကြိတ်စက်ရုံများသို့ သွားရောက်ရာ တာဝန်ရှိသူများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့်လုပ်ငန်းခွင်ရောဂါရရှိခံစားမှုလျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏အမိန့်နှင့်ညွှန်ကြား ချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် WCC အဖွဲ့များမှ ညှိနှိုင်းဖြေရှင်းဆောင်ရွက် နေမှုများအား ပုံမှန်ဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက် မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။       

          နေ့လယ်ပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမတွင် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမား ၂၅၀ ဦးခန့်ကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ပထော်၊ ပထက် ကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် အောင်မြတ်ဖြိုးကုမ္ပဏီပိုင် အအေးခန်းစက်ရုံ၊ ငါးအမှုန့်ကြိတ် စက်ရုံ၊ ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းနှင့် သစ်အချောထည်စက်ရုံများသို့ လှည့်လည်ကြည့်ရှု စစ်ဆေး၍ အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းကျဆင်းစေရေး၊ မျှတသည့် အလုပ် သမားရေးရာဆက်ဆံမှု ထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင် ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါ ထိခိုက်ခံစားမှုလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားမြင့်မားစေရေး များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်