အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ကျင်းပပြုလုပ်သည့် လေအေးပေးစက် တင်ဆင်/ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲသို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

          သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဦးစီးဌာနများမှ တိုင်းဦးစီး မှူးများ၊ ဦးစီးအရာရှိများနှင့် သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးက   အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်း ညွှန်ချက်များနှင့်အညီ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် များ ထုတ်ပေးနိုင်ရေးတို့အတွက်  အလုပ်သမားဝန်ကြီးဌာနရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း ၇ ကျောင်းတွင် အခြေခံ ဂဟေဆက်သင်တန်း၊ အခြေခံလျှပ်စစ်နှင့် အိမ်တွင်းလျှပ်စစ် သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်း၊ ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင် သင်တန်း၊ စက်ချုပ်ကျွမ်းကျင်သူသင်တန်း၊ Air Compressor ပြုပြင်ထိန်းသိမ်း ရေးသင်တန်းများ ကို စီမံချက်ဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ အရည် အသွေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရေးကို မျှော်မှန်း၍ တိုးတက်လာသည့် နည်းပညာအသစ်များ နှင့်အညီ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)က ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊

MSME လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေကြောင်း၊  

          ကျွမ်းကျင်လုပ်သားဖြစ်မှသာ အရည်အသွေးပြည့် ထုတ်ကုန်ပစ္စည်းများကို စွမ်းအားပြည့် ထုတ်ပေးနိုင်မည်ဖြစ်၍ လုပ်ငန်းအပ်နှံသူ၏ ယုံကြည်ကိုးစားမှု ရရှိပြီး ဝင်ငွေတိုး၍ မိမိလူနေမှုဘဝ မြင့်မားစေမည်ဖြစ်ရာ၊ ခေတ်နှင့်အညီ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူရန် မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် GY SEN (Myanmar) Apparel Co.,Ltd ၊ Cheung Hing Myanmar Co.,Ltd နှင့် WNF Group  စက်ရုံများသို့ သွားရောက် စစ်ဆေးကြည့်ရှုရာ စက်ရုံ တာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုး တက်စေရေး အတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမား အဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှုလျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့် ညွှန် ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် WCC အဖွဲ့များမှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နေမှုများအား ပုံမှန်ဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေး ခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။           

          အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းကျဆင်းစေရေး၊ မျှတသည့်အလုပ်သမား ရေးရာဆက်ဆံမှု ထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားမြင့်မားစေရေးများစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်ဟု သတင်းရရှိသည်။