ရန်ကုန် စက်တင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားရးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတော ကျေးရွာ အုပ်စု၊ ရှမ်းကုန်းရွာ၊ ဓမ္မာရုံလမ်း၊ အမှတ် (၂၂၈) ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိ အမှတ်ပြု Khaing & Kyaw Services Company Limited ၏ မိရအိ အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဂဟေဆက်သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ် ပို့ချမှုများကို ကြည့်ရှုအားပေး၍ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ချင်းတွင်းလမ်း၊ အမှတ် (၃) ရှိ Today Top Star ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းတာဝန်ခံမှ သင်တန်းခန်းမတွင် သင်တန်းကျောင်းတည်ထောင်ထားမှုနှင့် သင်တန်းပို့ချမှု များကိုတင်ပြရာ လိုအပ်သည်များမှာကြားပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ထောက် ကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးပစ္စည်းများနှင့် သင်တန်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ မရမ်းကုန်းမြို့နယ်၊ ဇေယျာခေမာလမ်း၊ ၆ ရပ်ကွက်၊ အမှတ် ၆၄ (E) ရှိ Kabar Training Center သို့ သွားရောက်ကာ Pipe Fitting နှင့် System Formwork သင်တန်းများ ဖွင့်လှစ်ပို့ချမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးက သင်တန်းကျောင်းများကို မှာကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ “ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်ရာတွင် လူနည်းစု၏ အကျိုးစီးပွားထက် လူအများစု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင် သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာကာ ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ အထည်ချုပ်လုပ်ငန်းများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ် စေနိုင်ကာ တစ်ဦးချင်းစီ၏ဝင်ငွေကို တိုးတက်စေနိုင်သည်ဖြစ်သောကြောင့် အားပေးဆောင်ရွက် သွားရန်” လမ်းညွှန်ချက်နှင့်အညီ သင်တန်းကျောင်းများအနေဖြင့် သင်ကြားပို့ချမှုကို ခေတ်နှင့်အညီ ပို့ချပေးရန်လိုကြောင်း၊
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးမည့် လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်နေသဖြင့် သင်တန်းကျောင်းများသည် လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းဆင်းများကို ပြုစုပျိုးထောင်ပေးရန်၊ လေ့ကျင့်ရေးနည်းစနစ်များသည် လက်တွေ့လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှုရှိစေရန်၊ သင်တန်းဆင်းများကို အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ဦးစီးဌာနမှ လိုအပ်သည်များ ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ဩဂုတ်လကုန်ထိ လျှပ်စစ်သွယ်တန်း တပ်ဆင်သင်တန်း၊ လေအေးပေးစက်တပ်ဆင်/ ပြုပြင်သင်တန်း၊ ဂဟေဆက်သင်တန်း၊ Air-Compressor ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းများမှ ကျား (၃၄၆) ဦး၊ မ (၈) ဦး၊ ပေါင်း (၃၅၄) ဦး တို့ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေကြောင်း၊ ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ဒေသနှင့်ကိုက်ညီသည့် သက်မွေးပညာသင်တန်း များကို စီမံချက်ဖြင့် ဖွင့်လှစ်ပို့ချရန်လိုကြောင်း၊ သင်တန်းအမျိုးအစားအလိုက် ခေတ်နှင့်လျော်ညီ သောသင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ အသုံးပြုသင်ကြားပို့ချရန်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းအားဖြင့် မိသားစု စားဝတ်နေရေးအတွက် သင့်တော်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး ကျွမ်းကျင်လုပ်သား များ မွေးထုတ်ပေးရေးလုပ်ငန်းစဉ်သည် ကာယဉာဏလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာကို တန်ဖိုးမြင့်မားစေသဖြင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။