အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   နိုဝင်ဘာ     ၁၃ 

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိပြီး လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း (၃/၂၀၂၄)နှင့် ဂဟေဆက်သင်တန်း (၄/၂၀၂၄) သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သင်တန်းကျောင်းတာဝန်ခံက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)ကို၁၉၇၂ခုနှစ်တွင်စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီးအလုပ်အကိုင်ရှာဖွေနေသူများ အလုပ်အကိုင် ရရှိစေရန်၊ ဈေးကွက်လိုအပ်ချက်များသည့် အလုပ်အကိုင် များ အတွက် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း၊ လေအေးပေးစက် သွယ်တန်းတပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ မော်တော် ယာဉ်စက်ပြင် ခြင်း၊ ကြွေပြားကပ်ခြင်း၊ စားသောက်ဆိုင်ဝန်ဆောင်မှု၊ သံချည်သံကွေး၊ ဂဟေဆက် (မွမ်းမံ) သင်တန်းစသည့် သင်တန်း (၈) မျိုးကို (၂၂) ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၅၀၀ ကျော် ဖွင့်လှစ်ရန်လျာထားပြီး ယနေ့ထိ သင်တန်း (၈) မျိုးကို သင်တန်း (၁၁) ကြိမ် ဖြင့် သင်တန်းသား ၂၇၀ ဦး မွေးထုတ်ပေးနိုင်မှုကို ရှင်းလင်းပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့်မြန်မာလုပ်သားများလုပ်ငန်းခွင် စွမ်းဆောင်ရည် တိုးတက်မြင့်မား စေရေးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်းကို တည်ထောင် ဖွင့်လှစ်ပြီးလုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသောအသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ ပို့ချ ပေးလျက် ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးချိန်အထိ အလေးထား တက်ရောက်ကြရန်နှင့် သင်တန်း စည်းကမ်းများ လိုက်နာဆောင်ရွက်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မား စေရေးကြိုးစားသင်ယူကြရန် တိုက်တွန်း လိုကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စည်းကမ်း ကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေး၊ ခေတ်မီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက် ရှိကြောင်း၊ နိုင်ငံအတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ လူငယ်လူရွယ်များအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိကြစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်သောကြောင့် သင်တန်းသား လူငယ်များအနေဖြင့် သင်ကြားပို့ချသည့် စာတွေ့/လက်တွေ့ အသိပညာ ဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ မှတ်သားလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ မိမိဘဝအတွက် အာမခံချက်ပေးနိုင်မည့် အလုပ်အကိုင် ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြား၍ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။