အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                              စက်တင်ဘာလ ၂

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ  CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Yangon PanPacific International Co.,Ltd၊ Arao နှင့် Fu Yean Garnment Co.,Ltd အထည်ချုပ် စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ၊ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ပိုမို အားကောင်းလာစေရေး  စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကြည့်ရှု အားပေးသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ အလုပ်သမားအဖွဲ့အစည်းနှင့်  စက်ရုံအတွင်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများကို လိုက်နာဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးကိစ္စရပ် များကို  ရှင်းလင်းတင်ပြသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က      “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စီးပွားရေး ပြန်လည်အားကောင်းအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန် သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ရှိမှသာ ကုန်သွယ်များဆောင်ရွက်နိုင်မည်၊ ကုန်ထုတ်လုပ်မှုမှ လုပ်ခအားခများ ရရှိမည်ဖြစ်ပြီး ငွေကြေး လည်ပတ်မှုများ ရှိလာမည်” ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း။

CMP  လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်ပြီး မြန်မာ လုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်း ဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP စက်ရုံများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် အလုပ်အပ်နှံသူများ၏ ကျေနပ်အားရမှုရှိလျှင် အမှာစာ များစွာ ရရှိနိုင်သဖြင့် အလုပ်ရှင်ကိုယ်စား ကြီးကြပ်သူများနှင့် အလုပ်သမားများသည် တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ချောများ စံချိန်မီ ထုတ်လုပ်၍ အချိန်မီ တင်ပို့ပေးနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှု များစွာအရေးပါကြောင်း၊  ကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင်နိုင်သည် နှင့်အမျှ ထုတ်ကုန်များကို သတ်မှတ် ကာလအပြီး စံချိန်မီ ချုပ်လုပ် တင်ပို့နိုင်မှုကြောင့် အလုပ်ရှင်၏ ယုံကြည်မှုရရှိပြီး မိမိစက်ရုံ၊ အလုပ်ရုံ ဂုဏ်သိက္ခာ မြှင့်တင်ပေးနိုင်ကြောင်း။

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ပေးလျက်ရှိရာ လှိုင်သာယာစက်မှု ဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် မင်္ဂလာဒုန်စက်မှုဇုန်များတွင် Assessment Center များ တည်ထောင် ထားရှိပြီး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိကြောင်း၊  ကျွမ်းကျင်လုပ်သားများစွာ ပြုစုပျိုးထောင်ပေးနိုင်ရန် လိုအပ်သည့် Inspector နှင့် Assessor များ တိုးမြှင့်ခန့်ထားနိုင်ရေး စက်မှုဇုန်အလိုက် Assessor Methology Training များ စီမံချက်ဖြင့် ဖွင့်လှစ်ပေးနေပြီး  သတ်မှတ်အရည်အချင်း ပြည့်မီသူများဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရေး အလေးထား ဆောင်ရွက်ပေးနေကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်လျက်ရှိရာ  ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများမှ သတ်မှတ်အဆင့်မီသူများသည် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး ဒဂုံစက်မှု ဇုန်အတွင်း မကြာမီ စစ်ဆေးအကဲဖြတ်မှု ပေးနိုင်မည်ဖြစ်ကြောင်း၊

ကျွမ်းကျင်လုပ်သားများ  မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုး တက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့် ဆောင်ရွက်ရန်လို ကြောင်း။

အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှု ထူထောင်ရေး၊  အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ် သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်း ခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း မှာကြား၍ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်ခန်းမ၌ အထည်ချုပ် စက်ရုံများမှ သင်တန်းသား ၆၀ ဦးဖြင့် ဖွင့်လှစ်သည့် Assessor Methology Training သင်တန်း ဆင်းပွဲသို့ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်း များသည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှု၍ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် တာဝန် ဝတ္တရားကို  ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၁၈ လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ မိန့်ကြားချက်ပါ “ရှေ့သို့လမ်းမည်ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း မိမိထမ်းဆောင်ရသည့်နေရာ၊ ဌာနအလိုက် လုပ်ငန်းအောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အမြဲသစ္စာရှိပြီး ဝန်ထမ်း ကျင့်ဝတ် “စံ” တန်ဖိုးများနှင့်ကိုက်ညီသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရန်၊ စိတ်ကောင်းထားပြီး ဦးစီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို သိရှိလိုက်နာ၍ ဝန်ထမ်းအချင်းချင်း နားလည်မှု၊ ကိုယ်ချင်းစာမှုတို့ဖြင့် စည်းလုံး ညီညွှတ်စွာ Team Work ဖြင့် ဆောင်ရွက်နိုင်သည့် ကိုယ်စီ စွမ်းဆောင်ရည်မြင့်မားသူများဖြစ်ရန် အလေးထား ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးသတိဖြင့် ဂရုပြု နေထိုင်ရန် မှာကြားခဲ့ပါသည်။