အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Yellow Dawn Services Co., Ltd မှ ထိုင်းနိုင်ငံ၊ Pornroj Construction Co., Ltd နှင့် Northstar Civil Co., Ltd တို့သို့ ၃-၁၀-၂၀၁၈ ရက်နေ့တွင် စေလွှတ်ထားသည့် အလုပ်သမား ၁၉၈ ဦးအနက် မောင်ရဲထွဋ်ပါ အလုပ်သမား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၇ ဦး သည် ၂၇-၁၂-၂၀၁၈ ရက်နေ့တွင် မြဝတီမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ယင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်ရန် အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်များချုပ်ဆို၍ သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း ထိုင်း နိုင်ငံ၊ Chonburi မြို့ရှိ Siam Food Co., Ltd နာနတ်သီးစက်ရုံ၌ လုပ်ကိုင်နေသည့် မောင်ထက်သူ အောင်နှင့် ဇနီးဖြစ်သူ မဟန်နီဇာ (ခ) မဇာတို့နှင့်ချိတ်ဆက်ပြီး Siam Food Co., Ltd သို့ ဝင်ရောက်လုပ်ကိုင်ရန် ယင်းတို့၏ဆန္ဒအရ ဆောင်ရွက်ခဲ့ရာမှ လုပ်ငန်းခွင်သို့ ဝင်ရောက်ရမှုမရှိ၍ ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာခြင်းမပြုမီ အလုပ်သမားသံအရာရှိ၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာအေဂျင်စီတို့မှ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ရာ အလုပ်သမားများမှ နစ်နာကြေးပေးရန်နှင့် အလုပ်သစ်ရှာဖွေပေးရန် တောင်းဆိုခဲ့ သည်။

မူလလုပ်ငန်းခွင်မှ တရားဝင်လက်မှတ်ရေးထိုး၍ ထွက်ခွာသွားပြီး အလုပ်သစ်ဝင်ရောက်ရန် စောင့်ဆိုင်းနေဆဲကာလတွင် အလုပ်သစ်ထပ်မံရှာဖွေပေးရန်နှင့် နစ်နာကြေးပေးရန် တောင်းဆို ခြင်းသည် ထိုင်းနိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆီလျော်မှုမရှိသည့် တောင်းဆိုချက်ဖြစ်၍ ညှိနှိုင်းရာတွင် ပြေလည်မှုမရရှိခဲ့ပေ။

အဆိုပါ အလုပ်သမားများသည် မိမိတို့သဘောဆန္ဒအရ အလုပ်ပြောင်းရွှေ့ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ ဥပဒေအရ မူလကတိစာချုပ် ပျက်ပြယ်ကြောင်းနှင့် ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်သည့်ကိစ္စရပ် များကို ထိုင်းနိုင်ငံအတွင်းသာ တောင်းဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားများ မြဝတီနယ်စပ်မှတဆင့် ပြန်လည်ရောက်ရှိလာမှုနှင့်စပ်လျဉ်း၍ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန် ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ကရုဏာကြေးအဖြစ် အလုပ်သမားတစ်ဦး လျှင် ငွေကျပ် ၁,၂၀၀,၀၀၀ (ကျပ်တစ်ဆယ့်နှစ်သိန်း) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၂,၄၀၀,၀၀၀ (ကျပ်သုံးရာနှစ်ဆယ့်လေးသိန်းတိတိ) ကို ၁၇-၁-၂၀၁၉ ရက်နေ့တွင် Yellow Dawn Services Co., Ltd မှ အလုပ်သမား ၂၇ ဦးထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

သို့ရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် Yellow Dawn Services Co.,Ltd သည် အလုပ်သမားများကို လုပ်ငန်းခွင်အရောက် ပို့ဆောင်ပေးရန် ညွှန်ကြားချက်ကို လိုက်နာမှုအားနည်းကြောင်း၊ အလုပ်ရှင်နှင့် ချိတ်ဆက်ဆောင်ရွက်မှု အားနည်းကြောင်း စိစစ်တွေ့ရှိ ရပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်စည်းကမ်း ဖောက်ဖျက်မှုအပြင် အေဂျင်စီအနေဖြင့် ၂၀၁၈ ခုနှစ်၊ မေလနှင့် ဇွန်လတွင် ဝန်ခံကတိပြုချက်ပါ အလားတူဖြစ်စဉ်များကို ထပ်မံကျူးလွန်ခြင်း တို့ကြောင့် ၁၁-၁-၂၀၁၉ ရက်နေ့မှ ၁၀-၁-၂၀၂၀ ရက်နေ့ထိ Yellow Dawn Services Co., Ltd ၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ကို တစ်နှစ်ပိတ်သိမ်းခဲ့သည်။

အလုပ်သမားများကို စုဆောင်း၍ ငွေကြေးကောက်ခံခဲ့သည့် မောင်ထက်သူအောင်နှင့် ဇနီး ဖြစ်သူ မဟန်နီဇာ (ခ) မဇာတို့၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များကို ပိတ်သိမ်းနိုင်ရေး ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ ၂၈-၁-၂၀၁၉ ရက်နေ့တွင် မြဝတီမြို့မရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။