အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ကိုရီးယားသမ္မတ နိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအတွက် တူညီဝတ်စုံ (ဦးထုပ်၊ ရှပ်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဂျာကင်အင်္ကျီ) အစုံ(၅,၀၀၀)ချုပ်လုပ်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ပြီး၊ အထည်ချုပ်ကျွမ်းကျင်ပညာရှင် (၂)ဦးပါဝင်ဖွဲ့စည်းထားသည့်  ဝန်ကြီးဌာနတင်ဒါ ကော်မတီ၏ အိတ်ဖွင့်တင်ဒါ ဈေးနှုန်းစိစစ်ခြင်းကို နေပြည်တော်ရှိ၊ ရုံးအမှတ်(၅၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အထည်အရည် အသွေးနှင့် ဈေးန်းသင့်တော်သည့်ကိုင်ရို အထည်ချုပ်လုပ်ငန်းအား တင်ဒါအောင်မြင်သူအဖြစ် ၂၈-၉-၂၀၂၀ ရက်နေ့တွင် ရွေးချယ်သတ်မှတ်ခဲ့ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။