စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အနောက် မြောက်တိုင်း စစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ၁၃-၇-၂၀၂၃ ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းနှင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူများ၊ စုစုပေါင်း (၅၀) ဦး တက်ရောက် ခဲ့ပြီး အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၃) အား ၁၃-၇-၂၀၂၃ ရက်နေ့ မှ ၁၃-၈-၂၀၂၃ ရက်နေ့အထိ သင်တန်း နည်းပြ(၂)ဦးဖြင့် သင်တန်းသူ (၂၀) ဦးတို့အား စာတွေ့၊ လက်တွေ့သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
အလုပ်သမားဝန်ကြီးဌာန