Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြု ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ၂၀၂၀ ပြည့်နှစ် ဧပြီလ (၂၀) ရက်နေ့မှ မေလ(၁၅) ရက်နေ့ အထိ စစ်ဆေးစဉ်ကာလအတွင်း ယာယီအလုပ်ရပ်နားခဲ့ရသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအတွက် ရပ်နားထား ရသည့်ရက်များအလိုက် လုပ်ခလစာများ၏ ၄၀% ကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် အဖြစ် စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။
Online မှလျှောက်ထားသည့် တောင်းခံလွှာများနှင့် မြို့နယ်ရုံးခွဲများမှတစ်ဆင့် လျှောက်ထား သည့် တောင်းခံလွှာများကို စိစစ်ခွင့်ပြုရေး ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေ လ (၂၄) ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁၅၆) ဌာနမှ အာမခံအလုပ်သမား (၂၆,၃၀၅) ဦး အတွက် ငွေကျပ် (၅၅၉,၄၃၅,၈၀၅/၆၉) ခွင့်ပြုထုတ်ပေးခဲ့ပြီးကျန်ရှိသည့် တောင်းခံလွှာများကိုလည်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ပါသည်။အပြည့်အစုံ